Chapter 6 ( U )

931 164 4
                                    

အချိန်တွေက လွန်ခဲ့တဲ့ နှစ်တွေက ဖြစ်တယ်။
အဲ့ဒီအချိန်တုန်းက ရှောင်ကျန့်က အချစ်ကိုခံစားတတ်ပြီး အလွယ်တကူရယ်မောတတ်တဲ့ လူတစ်ယောက်ဖြစ်ခဲ့ဟန်နဲ့တူတယ်။

ရယ်မောဖြစ်ခဲ့တဲ့ အကြောင်းအရင်းတိုင်းက မိန်းကလေးတစ်ယောက်ကြောင့်လို့ ဖော်ပြရရင် အဲ့ဒီ့မိန်းကလေးက လီလီ ဖြစ်တယ်။ သူတို့ ချစ်သူတွေ့ဖစ်ခဲ့တာ သုံးနှစ်ကျော်ကာလ။

အဲ့ဒီနှစ်တွေထဲက တစ်နှစ်ရဲ့ စက်တင်ဘာလ။
လီလီက သူမရဲ့မွေးနေ့ကို စားသောက်ဆိုင်တစ်ခုမှာ ဆင်နွှဲနေတယ်။ရှောင်ကျန့်ကတော့ သူမရဲ့ဘေးနေရာမှာ ထိုင်နေခဲ့တယ်။

လီလီ့ရဲ့ သူငယ်ချင်းတွေဆီက မွေးနေ့သီချင်းသံတွေနဲ့ လက်ခုပ်တီးသံတွေရှိနေတယ်။တကယ်ဆို
ည၁၂နာရီတိတိမှာ သူတို့နှစ်ယောက်တည်း တွေ့ဖြစ်ရင်း လီလီ့ရဲ့မွေးနေ့ကို တိတ်တိတ်ဆိတ်ဆိတ်လေး ဆင်နွှဲပြီးထားနှင့်ပြီ။ ဒီနေရာကိုတော့ လီလီခေါ်ထားတာမို့ ရှောင်ကျန့်ရောက်နေရခြင်း။

လီလီ ကိတ်မုန့်ပေါ်က ဖယောင်းတိုင်တွေကို မှုတ်ရင်း ဆုတောင်းပြီးတော့ သူငယ်ချင်းတွေက အဲ့ဒီဖယောင်းတိုင်တွေကို အမြန်အဆန်ပဲဖယ်ကြတယ်။
အဲ့ဒီနောက်တော့...

'' 1...2...3 ''

အသံတွေဆုံးတာနဲ့ လီလီရဲ့ မျက်နှာက ကိတ်မုန့်ပေါ် အိခနဲပဲ။ ရယ်သံတွေက တဆူတညံပဲ။

'' နင်တို့ကဟာ...လုပ်ပြန်ပြီလား ''

မျက်နှာပေါ်က ခရင်တွေကို ဖယ်ရင်း ညည်းညူပြောတဲ့ လီလီကို ရယ်မောပြီး စနောက်နေကြတယ်။
ရှောင်ကျန့်လဲ ရယ်မိပါသေးတယ်။ လီလီ့ကို ကူညီဖို့
သူ့ရှေ့စားပွဲပေါ်က တစ်ရှူးဘူးဆီ လက်အလှမ်းမှာ
လီလီ့ရဲ့ဖုန်းဆီက လင်းခနဲ။

တက်လာတဲ့ နိုတီတစ်ခုက မက်ဆေ့ချ်တစ်စောင်ဖြစ်ကြောင်း ရှောင်ကျန့်အမှတ်မထင် မြင်လိုက်မိတယ်။ ရှင်းရှင်းလင်းလင်းမြင်လိုက်မိတဲ့ နာမည်ကြောင့် ရှောင်ကျန့် ခဏငြိမ်သက်မိသွားတာတော့ အမှန်။

'' ဘာလို့ အဲဲ့ဒီလူဖြစ်နေရတာလဲ လီလီ '' ။

.
.
.
.
.
ခေါင်းလောင်းသံတွေ ခပ်လွင့်လွင့် ကြားနေရတဲ့
ဘုရားကျောင်းဝန်းတစ်ခုထဲမှာ ရှောင်ကျန့်ရှိနေတယ်။ တပ်ထားတဲ့ မျက်မှန်ကိုင်းကို ပင့်တင်ပြီးတဲ့နောက် သူ့ရှေ့မှာ ရပ်နေတဲ့ ဖာသာနဲ့ လက်ဆွဲနှုတ်ဆက်ဖြစ်တယ်။

I N S O M N I A [ Completed ] Onde histórias criam vida. Descubra agora