Prologue ( Z )

3.5K 104 0
                                    

ကင်​မရာမီး​ရောင်​တွေက ခန်းမထဲ တဖြတ်​ဖြတ်​နဲ့လင်း​နေကြတယ်​။ ​လေးဖက်​​လေးလံမှာ မီဒီယာသမား​တွေကအသီးသီး​ရှိ​နေတယ်​။ ညီညီညာညာနဲ့ တစ်​တန်းတည်းစီထားတဲ့ လူ​တွေရဲ့ အ​ရှေ့က စားပွဲမှာ အခန့်​သားထိုင်​​နေတဲ့ လူတစ်​​ယောက်​။

သူက ..ရှန်​။
တရုတ်​ပြည်​တစ်​ပြည်​လုံးရဲ့ နာမည်​ကြီး Top 10 စာ​ရေးဆရာ​တွေထဲက တစ်​​ယောက်​။ သူ​ရေးသမျှ စာအုပ်​​တွေက အခြားက​လောင်​ရှင်​​တွေနဲ့ မတူဘဲ ကွဲထွက်​​နေတာ​ကြောင့်​ Best Seller ဖြစ်​တာကို​တော့ အထူးတလည်​ ​ပြောပြစရာမလို​လောက်​​။

နောက်​ပြီး သူ့ရုပ်​ရည်​​​ကြောင့်​ သ​ဘောကျကြတဲ့ မိန်းက​လေးပရိသတ်​​တွေလဲ ရှိ​သေးတယ်​။ အခုလဲ သူ့ရဲ့ စာအုပ်​အသစ်​ လက်​မှတ်​​ရေးထိုးပွဲကို ​ရောက်​လာကြတဲ့ စာဖတ်​ပရိသတ်​​တွေ အ​တော်​များတယ်​။

တစ်​​ယောက်​ပြီး တစ်​​ယောက်​ အလှည့်​ကျ​ပြောင်းသွား​ပေမယ့်​ သူ့မျက်​နှာ​ပေါ်က အပြုံး​က​တော့ ​​ပြောင်းသွားခြင်းမရှိ။
လှ​ပေမယ့်​ လုပ်​ယူထားသလိုဖြစ်​​​နေတဲ့ အပြုံး​တွေက 
တစ်​သီးတစ်​သန့်​​နေတတ်​တဲ့ ရှန့်​အတွက်​​တော့ အထူးအဆန်း​မဟုတ်​။

" ဆရာရှန်​ "

" အင်း "

စာအုပ်​ရဲ့ ပထမဆုံးစာမျက်​နှာ​ပေါ် လက်​မှတ်​ထိုး​နေတုန်းမှာပဲ စာအုပ်​ပိုင်​ရှင်​ မိန်းက​လေးက​ခေါ်လာတာမို့ ရှန်​​မော့ကြည့်​လိုက်​တယ်​။ ​သူ့အကြည့်​​တွေထဲက အ​အေးဓာတ်​က တစ်​ဖက်​က ​မိန်းက​လေးကို စက္ကန့်​ကြာမျှ ​အေးခဲသွား​စေလား။ ​​သေချာတာက​တော့ ရှန်​ ပြုံးပြ​နေခဲ့တာပါ။

"ဆရာရှန်​ရဲ့ ဒီတစ်​​ခေါက်​ စာအုပ်​ကိုသိပ်​ကြိုက်​တာပဲ "

သူမရဲ့ ပုံစံက ​စိတ်​လှုပ်​ရှား​နေမှန်း သိပ်​သိသာတယ်​။ ​ကွေးဆုပ်​ထားတဲ့ မိန်းက​လေးရဲ့ လက်​​ချောင်း​တွေကို ရှန်​က သ​ဘောတကျကြည့်​​နေတယ်​။ရှန်​က ပြုံးပြီး​ ​ခေါင်းငြိမ့်​ပြ​တော့ မိန်းက​လေးက စကားဆက်​တယ်​။

" ညီမက စာ​ရေးဆရာဖြစ်​ဖို့ကြိုးစား​နေတာ .. ညီမသိချင်​တာက​လေ ဒီစာအုပ်​​ရေးဖို့အတွက်​ ဆရာရှန်​ ဘယ်​လိုကုန်​ကြမ်းရှာခဲ့တာလဲ "

စကားအဆုံးမှာ ရှန်​ရဲ့ နှုတ်​ခမ်း​​ပေါ်က အပြုံး​တွေက ရုတ်​ချည်း​ပျောက်​ကွယ်​သွားကြတယ်​။ တစ်​ဖက်​က မိန်းက​လေးက​တော့ ရှန့်​ရဲ့နှုတ်​ခမ်းပါး​အောက်​က မှဲ့နက်​​လေးကို ​ငေး​နေ​ကောင်းပါတယ်​။

" လက်​​တွေ့လုပ်​ကြည့်​ပြီး​ရေးတာ "

" ရှင်​ .. "

မိန်းက​လေးရဲ့ အံ့သြမှုမှာ ရှန်​က လှိုက်​လှိုက်​လှဲလှဲပြန်​ပြုံးလာတယ်​။လွန်​ခဲ့တဲ့ နာရီပိုင်းက အပြုံး​တွေနဲ့ လုံးဝမတူတဲ့ အပြုံး​တွေနဲ့။

" ​နောက်​လိုက်​တာပါ .. အပြင်​​လောက က မှုခင်းအ​ကြောင်းအရာ​တွေကို ​လေ့လာခဲ့တာပါ "

.
.
.

မနက်​ ၁၀နာရီကစတဲ့ လက်​မှတ်​​ရေးထိုးပွဲက ​​နေ့လယ်​ ၁ နာရီ​ကျော်​မှာ ပြီးဆုံးတယ်​။ ခန်းမထဲက ပြန်​ထွက်​လာတဲ့ ရှန့်​ရဲ့​နောက်​မှာ ၀တ်​စုံအပြည့်​နဲ့ ​ဘောဒီကတ်​ နှစ်​​ယောက်​လိုက်​ပါလာတယ်​။

သူတို့ကို ဒီ​နေ့တစ်​ရက်​တည်းအတွက်​ ရှန်​ငှါးထားခြင်းဖြစ်​တယ်​။ နာရီ​တော်​​တော်ကြာထိုင်​​နေခဲ့ရတာမို့ ​​ညောင်းစပြု​နေတဲ့ ရှန်​ရဲ့ ​ခပ်​ကျဲကျဲ ​ခြေလှမ်း​တွေက ​ခြောက်​​ပေ​ကျော်​တဲ့ အရပ်​နဲ့ လိုက်​ဖက်​လျက်​။

" ခဏ..ခဏ "

ကား​ပေါ်တတ်​ဖို့ လှမ်းလိုက်​တဲ့ ​ခြေလှမ်း​တွေက ရပ်​တန့်​သွားတယ်​။ အ​လောတကြီး​ပြေးလာပြီး သူ့​ရှေ့မှာ ​​မောဟိုက်​​နေတဲ့ ​ကောင်​​လေးကို ရှန်​​သေချာကြည့်​​နေတယ်​။

ကောင်​​လေးက ​လေထုထဲက​အောက်​​ဆီဂျင်​ကို အလုအယက်​ရှူသွင်းပြီး လက်​နှစ်​ဖက်​ကို ​ကွေးထားတဲ့ဒူး​တွေ​ပေါ်တင်​ထားတယ်​။ အဲ့ဒီ​တော့ ​စောင့်​ဆိုင်းရခြင်းကို သ​ဘောမကျတဲ့ ရှန်​က ​ကောင်​​လေးဆီက စကားသံထွက်​လာဖို့ အ​တော်​​မျှော်​လင့်​ပါတယ်​။

" ရှန်​.."

အ​မော​ပြေသွားပုံထင်​ရတဲ့​ကောင်​​လေးရဲ့မျက်​နှာကို ရှန်​​သေချာစိုက်​ကြည့်​ပစ်​လိုက်​တယ်​။ကောင်​​လေးက ​သေချာ​ပေါက်​လူ​ချောတစ်​​ယောက်​မှန်း သူသိပြီးတဲ့​နောက်​ ​ကောင်​​လေးက စကားဆက်​​ဆိုလာတယ်​။

" ပွဲကပြီးသွားပြီလား .. ကျွန်​​တော်​မှီ​အောင်​လာတာကို.. "

ကောင်​​လေးပုံက စိတ်​ပျက်​လက်​ပျက်​ပဲ။
ကြည့်​​နေတဲ့ ရှန်​က​တော့ ခပ်​​ရေး​ရေး​လေးပြုံး​နေတယ်​..။

I N S O M N I A [ Completed ] Where stories live. Discover now