Beholders -part.1

4.2K 128 0
                                    

" မောင်ပြန်လာမှာမို့ ခင်ထားက စောင့်နေခြင်းကိုတော့ တတ်နိုင်ပေးပါ ''

ခ ယ တောင်းဆိုခြင်းမ,မည်နိုင်သလို
အမိန့်ဆန်စွာ ပြောဆိုခြင်းဟူ၍လည်း ခေါင်းစဥ်မတပ်ဝံ့ပါ
မောင်ဟာ ခင်ထားကို ချစ်ပါသည်လေ
အချစ်နောက် အတ္တတရားတို့သည် ပါလာမြဲမို့ မောင် အမိန့်ဆန်စွာဆိုလျှင်လည်း ခင်ထားခွင့်လွှတ်ချေပါပြီ
ချစ်ရသူ အသွားလမ်းခရီးဖြောင့်အောင် ရစ်သိုင်းနေသည့် မျက်ရေများအား ပုတ်ခတ်သိမ်းစည်းနေရသည်

" သွားပါမောင် ခင်ထားဆီကို အနာဂါတ်လှလှနဲ့ ပြန်လာခဲ့ပါကွယ်''

တစ်ကမ္ဘာလုံးမှာ မိခင်ပြီးလျှင် အချစ်ရဆုံးအမျိုးသမီးထံမှ နှုတ်ဆက်ထွက်ခွာလာခဲ့သည်

မြေနီလမ်းတလျှောက် လှည်း လေးစီးရင်း လက်ပြနှုတ်ဆက်နေသည့် ချစ်ရသူကို လည်ပြန်ငေးရသည်မှာ တော်တန်ရုံ ဒုက္ခတစ်ခုမဟုတ်ချေ
လမ်းကွေ့လေးထဲ ချိုးဝင်သွားချိန်မှစကာ ချစ်ရသူမျက်နှာအား မမြင်ရတော့
ရွာလမ်းလေးတလျှောက်မောင်းနှင်လာရင်း မခွဲခင်ထဲက လွမ်းချင်နေပါပြီလေ

ခင်ထားကိုချစ်သည်လားဟုမေးလျှင် ခေါင်းငြိမ့်မိပါလိမ့်မည်
ချစ်သည်မမည်သော်လည်း ကိုယ်နှင့်သင့်တော်သည်ဟူသော အသိနှင့် သံယောဇဉ်တော့တွယ်မိပါသည်

ခင်ထားဟာ သိပ်ကိုသွတ်လပ်ချက်ချာသည့် မိန်းကလေးတစ်ဦးပင်
လူကြီးမိဘတွေဆိုကြသလို လွေးအောင်ဟာ ခင်ထားနှင့် ပေါင်းဖက်လျှင် နေနှင့်လ ရွှေနှင့်မြလို လိုက်ဖက်ကြမည်ဟု လွေးအောင် ယုံကြည်သည်

မကြာပါ လှည်းလေးနှင်လာရာ ဆိပ်ကမ်းဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သည်

လှည်းပေါ်ကဆင်း အထုတ်တွေချနေချိန်၌ လှည်းမောင်းလာသူ ဖခင်ဖြစ်သူ၏ မျက်ရည်လေးစမ်းတန်းစမ်းတန်းဖြစ်နေသည်ကို မျက်လုံးထောင့်မှ မြင်ဖြစ်အောင်မြင်လိုက်ပါသည်

မိတဆိုးသားလေးမို့ ငယ်ငယ်ကတည်းက.အရိပ်တကြည့်ကြည့်နှင့် ဖခင်မှ စောင့်ရှောက်မှုကို ခံယူခဲ့ရသည်
လက်ညိုးထိုးတိုင်းရနိုင်သည်အထိ မထားနိုင်ခဲ့သော်လည်း မတောင်းမတရပါပဲ ပြည့်ပြည့်စုံစုံတော့ထားနိုင်ခဲ့သည်
တောင်ယာလုပ်ငန်းလုပ်ကိုင်ပြီး အရိုးခံစိတ်ထားနှင့် အလုပ်ကြိုးစားကာ သားဖြစ်သူအား ပညာတတ်ဖြစ်ရန် အားပေးအားမြှောက်လုပ်ခဲ့သည်

Beholders(complete) (Z+U)Where stories live. Discover now