Beholders-part.14

594 44 0
                                    

နေအလင်းဖောက်မဝင်အောင် နှင်းတို့က တားဆီးသလို နှင်းများဝင်ရောက်မလာအောင် ပြတင်းပေါက်များသည် တစ်ပါးသူ၏လက်သုံးကိုယ်ရံတော်အဖြစ် ။

မှောင်မဲမဲစံအိမ်အတွင်း မီးအိမ်ပျပျဟာ ကယ်တင်ရှင်လို ။

အငွေ့တထောင်းထောင်းထနေသော ထမင်းကြော်ပူပူဟာ စားပွဲဝိုင်းထိပ်မှ လူသားနှစ်ယောက်ကို မော်ဖူးလျက် ။

ငှက်ကလေးများ၏ ခပ်တိုးတိုးကလူကျီဆယ်သံများမှာ ထိုလူနှစ်ဦးကြား သဘာဝ၏ဂီတသံစဥ်လို ။

ခေါက်မိုးမှ တစ်စက်ချင်းတွဲခိုကျလာသော ရေပေါက်သံသည် တိတ်ဆိတ်ရာရပ်ဝန်း၌ ကျားဟိန်းသံသကဲ့သို့ ။

နက်ရွှေရွှေမျက်ဝန်းတစ်စုံဟာ ကော့ညွှတ်နေသောမျက်တောင်မွှေးများဝန်းရံ၍ တစ်ယောက်သောသူအား မော့ကြည့်လာသည် ။

ဝိုင်းစက်၍ညှို့ငင်အားပြင်းပါ၏ ။

ထိုအဓိပ္ပါယ်ဖော်ဆောင်ရန်ခက်ခဲသော မျက်ဝန်းနက်တို့ကား ပင်လယ်ပြင်လို ငြိမ်သက်နေသည့်အပြင် ပင်လယ်ပြင်လို့မာယာလည်းများ၏ ။

သူ့စိတ်ခံစားချက်များကို မျက်ဝန်းများမှတဆင့်ဖတ်လို့မရအောင် တမင်ဝှက်ထားနိုင်သူပင် ။

ကျယ်ပျံ့ပျံ့ဖဝါးနွေးနွေးက သူ့နှဖူးပြင်ပေါ်အထိတွင် ထိုလက်ဖဝါး၏နွေးထွေးမှုသည် နှလုံးသားသို့တိုက်ရိုက်စီးဝင်သည် ။

မဲနက်နက်မျက်ခုံးမွှေးတန်းများကို အမြင်မလှအောင် ကျုံ့ထားသူသည် သူ့မျက်စိရှေ့ရှိ ကြွေရုပ်လေးကိုအတော်စိတ်ပူနေပုံပေါ်သည် ။

မရည်ရွယ်စွာ အပူရှိန်စမ်းမိလိုက်သောလက်ဖဝါးသည် တစ်ပါးသူအတွက်ရိုင်းရာကျလေမလား ။

ငုံ့လျှိုးကာကြည့်နေသူနှင့် ဆွေးဆွေးလေးမော်ကြည့်နေသူနှစ်ဦးကြား ပြောစရာစကားဟာ ပြောက်ရှလျက် ။

သို့မဆိုလျှင် ပြောစရာတွေများပြားလွန်း၍ တစ်ခွန်းပင်မပြောနိုင်တော့သည့်အလား ။

" ပူခြစ်နေတာပါပဲလား ''

ငြိမ်သက်ရာအခြေအနေကို ဖြိုခွင်းလိုက်ရာစကားသည် လွေးအောင်၏နှုတ်ခမ်းပါးတို့မှဖြစ်သည် ။
ပြန်လည်ရုတ်သိမ်းလိုက်သော လက်ကို နှမြောတသကြည့်နေသူမှာ သခင်လေးပင် ။

Beholders(complete) (Z+U)Where stories live. Discover now