Beholders -part. 28

554 37 0
                                    

28

ပိုကြီး၏သတင်းကြောင့် လွေးအောင် မြို့သို့ချက်ချင်းတက်လာခဲ့သည် ။
ရောက်ရောက်ချင်း ချိိုကြီးက သူ့ကိုဖက်၍ငိုသည် ။
နာရေးသို့ သူနှင့်ဆွေးမျိုးအနည်းငယ်သာ တက်ရောက်ခဲ့ကြသည် ။

ပိုကြီး၏သတင်းကြောင့် လွေးအောင်လည်း အတော်စိတ်ထိခိုက်ခဲ့ရသည် ။

မြင်တွေ့နေရသော ၊ မမြင်တွေ့ရတော့သောသူ ဟူ၍ ခေါင်းစဥ်တို့သာပြောင်းလဲချေအုန်းတော့ ထိုလူသား အကြောင်းကိုနှလုံးသားတို့သည်ကား ထာဝရ မှတ်ကျောက်တင်ကာ မမေ့နိုင်ခဲ့ကြပါချေ ။

ဆောင်းအဝင်တွင် ရော်ရွက်တစ်ချို့နှင့်အတူ ကြွေလွင့်သွားသူ၏အကြောင်းသည် ဆောင်းအကုန်တွင်တော့ လူတွေရိပ်စားမိခြင်းပင်မရှိတော့ချေ ။

အချိန်ရထားခုတ်မောင်းရာပေါ်မူတည်၍ ဒဏ်ရာတို့သည်လည်း ဟောင်းမြဲဖြစ်သည် ။

ဆွေးမြည့်ရာ အရိုးအသားတို့၌ ထိုလူနှင့်ပတ်သတ်၍ အမှတ်တရတို့မပါသွားခဲ့ချေ ။

ယနေ့သည် မနက်ဖြန်၏မနေ့ဖြစ်လိမ့်မည် ။
သို့သော်ငြား မနေ့၏အကြောင်းအရာ ၊ အမှတ်တရတို့အား မေ့ခဲ့ခြင်း မရှိကြပါလေ ။

ထို့အတူ ပိုကြီးသာသေဆုံးသွားခဲ့ပြီး သူနှင့်ပတ်သတ်ရာအမှတ်တရတို့ကား ရင်၌ ကိမ်းစေသည် ။

ဆောင်းအကုန်တွင်ပင် ချိုကြီးသည် အိမ်မှသဘောတူသော အမျိုးသမီးတစ်ယောက်နှင့်လက်ထပ်ခဲ့သည် ။

သူသိပ်ချစ်ရသော ဆူးတော့မဟုတ်ခဲ့ချေ ။

သူလက်ထပ်လိုက်ရာ မိန်းခလေးတွင် ဆူးလိုမျက်ဝန်းပြာများမရှိ ။ ဆူးလို မဟော်ဂနီရောင်ဆံသားများမရှိ ။ ဆူးလိုရူးခါစေလောက်သောဆွဲဆောင်မှုမရှိ ။

သို့သော်ငြား ထိုမိန်းခလေးသည် ဆူးနှင့်ကွဲလွဲစွာပင် ချိုကြီးအပေါ် ကြင်နာခင်တွယ်တတ်သော ချစ်သည့်စိတ်ထားရှိသည် ။

အချိန်သည်ကား ကြင်နာသနားမှုကင်းမဲ့စွာ ကူးပြောင်းလာခဲ့သည် ။

တန်ကူးရယ် ၊ ကဆုန်ရယ် ဟု သတ်မှတ်၍လက်ချိုးရေရင်းပင် လက်ဆယ်ချောင်းမကာမီတော့ချေ ။

Beholders(complete) (Z+U)Where stories live. Discover now