Beholders-part.10

726 52 0
                                    

တဖူးဖူးမှုတ်ထုတ်နေသော ဆေးလိပ်ငွေ့တွေဟာ လွေးအောင်၏မျက်နှာသို့ လာရောက်ပုတ်ခတ်သည် ။

လွေးအောင်သည် ဆေးလိပ်သောက်သည်ကို လွန်စွာသဘောမကျခဲ့ပါ ။

သူသည်လည်းမသောက်သလို သူတစ်ပါးသောက်သည့်အခါတွင်လည်း နှစ်ခြိုက်ခြင်းမရှိခဲ့ ။

လွေးအောင်သည် သူ့မျက်နှာနားသို့ လွင့်မျောလာသော ဆေးလိပ်ငွေ့များကို ယပ်တောင်နှင့် ပုတ်ခတ်ထုတ်လိုက်သည် ။

" တော်တော့ ချိုကြီး မင်းသောက်နေတာ နှစ်လိပ်မကတော့ဘူး ''

လွေးအောင်သည် မနက်ခင်းလက္ဖရည်ဆိုင်တွင် သူ့ဘေး၌ ဆေးလိပ်ဖွာနေသော ချိုကြီးအား ဟန့်လိုက်သည် ။
သို့သော် ချီုကြီးကား ဂရုမစိုက်ပါချေ ။

သောက်မြဲသောက်ဆဲရှိ၏ ။

" မပြောနဲ့ လွေး သူ့ကိုဘယ်သူမှမနိုင်ဘူး အမကတောင် သူ့ကိုလွှတ်ပေးထားရတာ ''

အမဆိုသည်မှာ ချိုကြီးနှင့်ပိုကြီးတို့၏မိခင် ဒေါ်မြနှင်းကိုဆိုခြင်းဖြစ်သည် ။

သူတို့နှင့်မျက်နှာချင်းဆိုင်မှ ပိုကြီးသည် မဲ့ကာရွဲ့ကာဖြင့် ပေါ်တင်အတင်းတုတ်၏ ။

ချိုကြီး နှင့် ပိုကြီးဟာ အမွှာဟုသာဆိုသော်ငှား အကျင့်စရိုက် ၊ အမူအရာ ကအစ အရပ်အထိတောင်စိုးစီမျှမတူကြပါလေ ။
ချိုကြီးသည်တော့ ပိုကြီး၏အပြောအား ဖုတ်လေသည့်ငပိရှိသည်ပင်မထင်ပါလေ ။

သူ၏ဆေးလိပ်ကိုသာ တဆုံးရှိုက်ဖွာဆဲပင် ။

လွေးအောင်သည် ပန်းခင်း၌နှင်းဆီဖြူများအားပြန်လည်အစားထိုးရန် ပန်းမျိုးဝယ်ယူဖို့ထွက်လာရင်း ချိုကြီး ၊ ပိုကြီးတို့နှင့်ဆုံကာ လက္ဖရည်ဆိုင်သို့ တပါတည်းလိုက်လာခြင်းဖြစ်၏ ။

" လွေးပြန်ရောက်လာတာ ငါတို့ကိုတောင်အသိမပေးဘူး ''

ပိုကြီးသည် လက္ဖရည်ကို ဇိမ်ခံသောက်ရင်း လွေးအောင်အားဆိုလာသည် ။

" လွေးပြန်ရောက်တော့ ဘဘကြီးကဖျားနေတယ်လေ အဲ့တော့ အိမ်အလုပ်တွေငါအကုန်လုပ်ရတော့မအားလို့ပါကွာ ''

Beholders(complete) (Z+U)Where stories live. Discover now