Beholders-part.2

1.2K 83 0
                                    


" ဒီကနေပြီး မီးရထားစီးရတော့မယ် မင်းပြန်နှင့်တော့ ''

အထုတ်တွေလိုက်ပို့သည့် ခင်အေးအား လွေးအောင် ပြန်ရန်ပြောလိုက်သည်
ဘူတာရုံတွင် လူများသူများဖြင့်ပြည့်နှက်နေသည်မို့ ခင်အေးသည် စိတ်မချရဖြစ်နေတော့သည်

" မင်းရထားစီးသွားတဲ့အချိန်ထိ စောင့်နေမယ် မပြန်သေးဘူးကွာ''

ဆက်ပြောရင်လည်း နားထောင်မည်မဟုတ်မှန်းသိနေသောကြောင့် လွေးအောင်နှုတ်ဆိတ်နေလိုက်သည်
ရထားလက်မှတ်ဖြတ်ပြီးချိန်၌ ရထားပေါ်တက်ခါနီးတွင် ခင်အေးအား နောက်ဆုံးအကြိမ်အဖြစ် နှုတ်ဆက်လိုက်သည်

" ငါသွားပြီ ခင်အေး အစစအရာရာဂရုစိုက်ပါ ''

လွေးအောင်မှ စိုးရိမ်တကြီးဖြင့် ပြောလိုက်သည့်အခါ ခင်အေးသည် ပေါ့ပေါ့ပါးပါးပင် ရယ်မောလိုက်သေးသည်

" ဟား...ဟေ့ကောင်လွေးအောင် အစစအရာရာဂရုစိုက်ရမယ့်သူက မင်းပါ လွေးအောင်ရာ လေးလထဲကျောင်းတက်ပြီးရင်အိမ်ပြန်လာအုန်းမှာမလား မင်းမလည်းကွာ အိမ်ထောင်ပြုသွားတဲ့မိန်းမကြီးကျနေတာပါပဲ''

လူကြားသူကြားထဲတွင် တဟီးဟီးတဟားဟား ရယ်နေသည့်ခင်အေးအား လွေးအောင်တစ်ချက်ရိုက်လိုက်သည်

" အကြီးကပြောရင်နားထောင်စမ်း ခင်အေး လူကြားသူကြားထဲမှာ မင်းမရှက်ဘူးလား''

ငယ်နိုင်တွေမို့ လေသံအနည်းငယ်မာလိုက်ရုံနှင့် ခင်အေးတစ်ယောက်ငြိမ်ကျသွားတော့သည်

ကိုယ့်ပါးစပ်နှင့်ကိုယ်ရယ်သည်ကိုပဲ ပတ်ဝန်းကျင်ဂရုစိုက်ရအုန်းမည်တဲ့

လွေးအောင်ဟာလေ ပတ်ဝန်းကျင်ကိုသိပ် ဂရုစိုက်တာပဲ
ပတ်ဝန်းကျင်က ငြိုငြင်မှာကိုလည်း လွေးအောင်မှာ သိပ်ကြောက်ရှာသည်

ခင်အေးသည် တောသားပီပီ ညိုညက်ညက်အသားအရေရှိသည်
ထောင်ထောင်မောင်းမောင်းနှင့် ယောကျာ်းသားနှစ်ယောက်ကို တော်ရုံနှင့် အနိုင်ပိုင်းနိုင်သည့် အချိုးအစားဖြစ်သည်

သို့သော် လွေးအောင် မှာထိုသို့မဟုတ်

တောသားဖြစ်သော်လည်း အသားအရေဝင်းကာဖြူဖွေးဖွေး ရှိသည်
ပျော့ဖတ်နေသည့်အမျိုးအစားမဟုတ်သော်လည်း ကြွက်သားများနှင့်တောင့်ဖြောင့်နေသည့်အမျိုးအစားမဟုတ်ပါဘဲ အရပ်ရှည်ရှည်နှင့် ကြည့်လို့တော့ကောင်းသည်

Beholders(complete) (Z+U)Where stories live. Discover now