Part - 1

6.3K 208 15
                                    

🥀Unicode 🥀

ဆန္ဒပြီးမြောက်ခြင်းရနံ့တို့ထုံမွှန်နေသည့်အခန်းငယ် ။ ရှပ်အင်္ကျီကျယ်သီးအား တပ်နေသည့်လူတစ်ဦး ။ စောင်ပုံကြားထဲလုံးထွေးကာ ရှိနေသေးသည့်လူတစ်ယောက် ။

"ဟေး....စားပွဲပေါ်မှာ မင်းအတွက်ဘောနပ်....ထပ်လာခဲ့ဦးမယ်"

အလာတုန်းကအတိုင်း ကျော့မော့စွာပြန်ထွက်သွားသည့်လူတစ်ယောက် ။ ဤနေရာ ဤအခန်းငယ်အတွင်းသို့ လာသူတိုင်းသည် သူတို့ဆန္ဒပြည့်မြောက်ဖို့အတွက်သာ ။

ဒါ ဒီမိုဟုခေါ်သည့် ကောင်လေးတစ်ယောက်ရဲ့ကံကြမ္မာ ။ ဆန္ဒပြည့်မြောက်ဖို့အတွက်သာလာကြပြီး ဆန္ဒပြီးမြောက်ချိန်မှာ ကျောခိုင်းသွားကြတဲ့လူတွေကြီးသာ။ နာကျင်ပိုင်ခွင့်၊ငြင်းဆန်ပိုင်ခွင့်တော့ ဒီမို့မှာမရှိပါ။

ဒီမို၏ဘဝအား မည်သူရေးဆွဲခဲ့ပါနည်း။ ဒီမို့အား ဒီလောကထဲမှဆွဲတင်မည့်လူမရှိ ။ ရွံရှာစက်စုတ်သည့်မျက်ဝန်းများဖြင့် ဒီမိုအကြည့်ခံခဲ့ရ၏ ။ အရှက်ဟူ၍ တစ်စက်မှမကျန်သည်အထိ ဒီမိုဘဝပျက်ပြီးသွားပြီ။

ဒီမို ဒီလောကထဲရောက်လာတာ သုံးလနီးပါးသာရှိသေးသော်လဲ ဒီမိုအားမသိသူမရှိသလောက်ရှားသည်။ အားလုံးတွင်ထဲ ဒီမိုသည်နာမည်အကြီးဆုံး ၊ ဝင်ငွေအများဆုံးအရှာနိုင်သောသူ။

"ဒေါက်.....ဒေါက်.....ဒီမို...နောက် section တစ်ခုကွ "

အခန်းတံခါးခေါက်သံနှင့်အတူ တစ်ဆက်တည်းကြားရသည့် ဂျာကြီးအသံ ။ စားပွဲပေါ်တင်ထားသည့်နာရီကိုလှမ်းကြည့်တော့ နေ့လည် ၂နာရီ ။ သုံးဦးဆက်တိုက်ဧည့်ခံထားရ၍ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ထုံစပ်နေချေပီ ။

"မရတော့ဘူးဂျာကြီး....."

"Ok. ......."

အမှန်အတိုင်းပြောရလျှင် ဒီမိုသည်အလုပ်သမားအားလုံးထဲတွင် အခွင့်အရေးအရဆုံးလူ။ ဂျာကြီး၏မျက်နှာသာပေးမှုသည် အခြားကြောင့်မဟုတ်။ customer အများဆုံးခေါ်နိုင်ပေးလို့သာ။

ဒီမိုစောင်ပုံတွေထဲမှထလိုက်သည်။ ပြန့်ကျဲနေသည့်အဝတ်အစားများပြန်ကောက်ဝတ်လိုက်သည်။ စားပွဲပေါ်တင်ထားသည့် တစ်သောင်းတန်သုံးရွက်ကို ဘောင်းဘီကြားထဲထိုးထည့်လိုက်သည်။ အခန်းအပြင်ရောက်မှ သန့်ရှင်းသောလေထုအား အားရပါးရရှူရှိုက်လိုက်သည်။

ပန်းရိုင်း (Completed) Where stories live. Discover now