Part- 2

3.3K 184 4
                                    

🥀Unicode 🥀

ဆောင်းည၏အအေးဓာတ်သည် ပတ်ဝန်းကျင်တစ်ခုလုံးကိုခြုံလွှမ်းထားသည် ။ နီညိုရောင်တောက်ပနေသောအိမ်ကြီးသည် ညအမှောင်ထဲမှာတောင် တင့်တယ်စွာတည်ရှိနေသည် ။

ထိုအိမ်ကြီး၏အခန်းတစ်နေရာသည် မီးရောင်ထိန်လင်းနေသည် ။ ထိုအခန်းငယ်အတွင်း မျက်နှာချင်းဆိုင်ထိုင်နေသည့်လူနှစ်ဦးရှိ၏။ အလယ်ရှိစားပွဲဝိုင်းတွင်လဲ ဝိုင်ပုလင်းပေါင်းများစွာ။

" ဒီလိုချမ်းအေးတဲ့ညတွေမှာ.....ဝိုင်ချိုချိုလေးသောက်ရတာ...ဇိမ်ပဲကွ...နော် ဇွဲ"

"ရာသီမရွေး မူးနေတဲ့ကောင်ကများ.....ချမ်းအေးတဲ့ညလေးဘာလေးနဲ့.....အရူးတောင်မင်းစကားမယုံဘူး ဇေယျာရဲ့"

ဇွဲမာန်ပိုင်စကားကြောင့် ဝိုင်ပုလင်းဆီလက်ရောက်သွားသည့် ဇေယျာနိုင်လက်တွေ လေထဲတွင်ရပ်တန့်သွားသည်။

"မင်း....ရည်းစားထားဖို့စိတ်ကူးရှိသေးလား "

ဇေယျာနိုင်၏စကားအဆုံး ဝိုင်တစ်ခွက်ကိုမော့သောက်လိုက်သည် ။ ဇေယျာနိုင်ဆိုတာ ဇွဲမာန်ပိုင်အတွက် သူငယ်ချင်းကောင်းတစ်ယောက်ပင် ။ စီးပွားဖက်များဖြစ်သည့်အပြင် တိုင်ပင်ပေါ်တိုင်ပင်ဖက်တစ်ဦးလည်းဖြစ်သေးသည် ။

"မအားသေးပါဘူးကွာ....."

"ဟား....ဟား....မအားတာမဟုတ်ပါဘူးကွာ....မင်းက အားအောင်မနေတာ........"

Apple company ၏ CEOတစ်ဦးဖြစ်သည့် ဇွဲမာန်ပိုင်တွင် တကယ်အားလပ်ချိန်ဟူ၍မရှိပါ ။

"ဘာတရားဟောဦးမလို့လဲ.....ဇေယျာနိုင်ရာ "

"လူပျိုကြီးဘဝကကျွတ်မယ့်တရားလေကွာ....ကိုယ့်အသက်ကိုယ်လဲပြန်ကြည့်ဦး.....၃၀ နားကပ်နေပီ.....ဒီထက်အိုသွားရင် မင်းကိုယူမယ့်သူရှိမှာမဟုတ်တော့ဘူး"

အားလူးကြော်အား တကျွတ်ကျွတ်ဝါးစားရင်းပြောနေသည့် ဇေယျာနိုင့်စကားကြောင့် ဇွဲမာန်ပိုင်  သက်ပြင်းချမိသည် ။

ဇွဲမာန်ပိုင်၏ဖြစ်တည်မှုအား လက်ခံပေးခဲ့သည့်သူ ။ ထိုလူ၏စကားကြောင့် ဇွဲမာန်ပိုင်  ပြုံးမိသည် ။

ပန်းရိုင်း (Completed) Where stories live. Discover now