Part- 4

2.6K 173 7
                                    

🥀Unicode 🥀

ရိုးရိုးသားသား လုပ်ကိုင်စားသောက်ကြသူတွေအားမြင်တိုင်း ဒီမိုအားငယ်မိသည် ။ တစ်လမှ တစ်သိန်းကျော်နှစ်သိန်းရသည့်အလုပ်အား ဒီမိုရိုးသားစွာလုပ်ချင်ပါ၏ ။

ဒေါ်မေရှင်းခသာ ဖဲသမားမဖြစ်ခဲ့လျှင် ၊ ခင်မာသင်းသာ ဆေးကျောင်းသူတစ်ယောက်မဖြစ်ခဲ့လျှင် ၊ ညီမလေးသာရှိမနေခဲ့ရင် ဒီမိုရိုးသားစွာလုပ်ကိုင်မိမှာအမှန် ။

သားတစ်ယောက်အနေနှင့် ၊ မောင်တစ်ယောက်အနေနှင့် ၊ အကိုတစ်ယောက်အနေနှင့် ၊ ယောကျ်ားတစ်ယောက်အနေနှင့် မိသားစုတာဝန်အား ဒီမိုထမ်းဆောင်ရမည်။

ဒီမို့ဘဝပျက်မှာထက် မိသားစုဘဝပျက်မှာကို ပိုကြောက်သည့်သူ ။ ဤလောကမှလူများက ဒီမို့အား နာမည်အမျိုးမျိုးပေးကြ၏ ။ ပန်းရိုင်း ၊ ရွှေနှင်းဆီ၊ ရွှေကြာ ၊ ဘုရင်ငယ်လေး ၊ အလှလေး စသည်တို့သည် ဒီမိုအားခေါ်နေကျနာမည်များဖြစ်သည် ။ ထိုနာမည်များထက် ဒီမိုသည် ဒီမိုဟုသာအခေါ်ခံချင်မိပါ၏။

"ဒီမို....အခန်း၄မှာ  VIPကွ"

"ဟုတ်....ဂျာကြီး"

ဒီမို့၏မျှော်လင့်ချက်အား ယနေ့ထိလွှတ်မချနိုင်သေး။ ဒီမိုရင်ခုန်စွာဖြင့် အခန်းတံခါးအားတွန်းဖွင့်၏။

"ကျွန်တော်ရောက်ပါပြီခင်ဗျ....."

ဒီမို့အား အပြုံးတစ်ပွင့်ဖြင့်ဆီးကြိုနေသူ။ ဒီမိုမျှော်လင့််တကြီးစောင့်စားနေသူ။

"ကိုဇွဲ....."

"ဒီမို....လာထိုင်လေ"

ဒီမို ခပ်သွက်သွက်ပင် ဇွဲမာန်ပိုင်ဘေးနားဝင်ထိုင်လိုက်သည် ။ အဝတ်အစားများဆွဲချွတ်မခံဘူး ဟူသည့်အသိက ဒီမို့ကိုလုံခြုံနွေးထွေးစေသည်။

တွဲလွဲချထားသော ဇွဲမာန်ပိုင်၏ ခြေထောက်ဖြူဖြူလေးများကို ဒီမိုမသိမသာလှမ်းငေးသည် ။ ဖြူဖွေးတောက်ပြောင်ကာ ပန်းရောင်သန်းနေသည့် ခြေသည်းများသည် သူဌေးသားပီသပေသည်။

"ဒီမို.....အဆင်ပြေရဲ့လား...."

ဂရုတစိုက်မေးလာသည့် နီညိုရောင်မျက်ဝန်းများအား ဒီမိုစိုက်ကြည့်လိုက်သည် ။ မျက်နှာချင်းဆိုင်အနေအထားဖြစ်သော်လဲ ၂ ပေခွဲလောက်အကွာတွင်ထိုင်နေကြခြင်းဖြစ်သည် ။

ပန်းရိုင်း (Completed) Where stories live. Discover now