Part-5

257 20 0
                                    


ဒီနေ့နဲ့ဆို Mixx , P'Earthနဲ့ စာအဆက်အသွယ်မလုပ်တာ သုံးရက်လောက် ရှိပါပြီ... My လုပ်လို့ Mixx ဘယ်လို စာပြန်ရမလဲ မသိဘဲ... ရှက်ရွံ့နေမိတယ်။

Mixx-- အီဆက်...!!(ဆဲသံ)

Mixx တွေးရင်းတွေးရင်း စိတ်တိုလာပြီး အနားမှာ ကပ်လမ်းလျှောက်နေတဲ့ My ကို ဆဲဆိုကာ ခေါင်းကို ပိတ် ရိုက်လိုက်တယ်။ My က ကောက်ကာငင်ကာကြီး အကြောင်းမရှိဘဲ အရိုက်ခံလိုက်ရလို့ နာသွားတဲ့ သူ့ခေါင်းလေးကို ပွတ်ကာ အူကြောင်ကြောင် မျက်နှာပေးနဲ့ Mixx ကို ပြန်ကြည့်တယ်။

အဲဒါနဲ့ပဲ Mixxက သနားသွားမယ်ထင်လား... အပြစ်မရှိသလို မျက်နှာပေးနဲ့ ပြန်ကြည့်နေတဲ့My ကြောင့် ပိုစိတ်တိုပြီး Myရဲ့ ဖင်ကို ခြေထောက်နဲ့ ပိတ်ကန်လိုက်တယ်။

Mixx-- မင်းကြောင့်...!!! မင်းကြောင့်....!!!
My-- သေပါပြီကွာ... ဘာထဖြစ်တာလဲ မင်းကလဲ... ကဗြုန်းစားကြီး...

Myက သူ့ဖင်လေးကိုပွတ်ရင်း Mixx ကို ဆက်မကန်အောင် လက်တစ်ဖက်နဲ့ တားတယ်။

Mixx-- မင်းလုပ်လို့...အခု ငါ ဟို P'ကို ဘယ်လိုမျက်နှာနဲ့ စာပြန်ရမလဲ... တွေးတိုင်း ဒေါသထွက်တယ်။ ဟွန်း...!!!

My-- ဘာဖြစ်လဲကွာ..နောက်တာလို့ ပြောလဲ ရတာပဲ...
Mixx--အဲလိုပြောမှ ပိုသိသာသွားမှာပေါ့... သူက ငါ့ကို တကယ် အဲဒါတွေ ကြည့်တယ်ထင်ရင် ဘယ်လိုလုပ်မလဲ...!

My--မင်းက ဘာလို့ အဲလောက်တောင် ဂရုစိုက်နေရတာလဲ... သူ့ဘာသာ ဘယ်လိုထင်ထင်ပေါ့...ဘာလဲ... မင်းက သူအထင်လွဲမှာ စိုးရိမ်တယ်ပေါ့... ဘာလို့လဲ... သူ အထင်လွဲသွားရင် သူမင်းကို လာမပိုးပန်းတော့မှာ စိုးလို့လား...

Mixx--ခွေးကောင်...!!! သေစမ်း...သေစမ်း...!!!

Mixx က ပေါက်ကရပြောပြီး သူ့ကို အမျိုးမျိုး စကားနာ ထိုးနေတဲ့ Myကို အားရပါးရ တံတောင်နဲ့ ထိုးကာ လုံးထွေး ရိုက်ပုတ်လိုက်တယ်။

My--အားလား... နံရိုးတွေ ကျိုးပါပြီကွာ...
Mixx-- မှတ်ပြီလား...ပါးစပ်သရမ်းဦး...

My ခမျာ Mixx ရိုက်ပုတ်သလောက်ခံပြီးကို မျက်နှာကြောပြောင်နေတာပါ...ဘယ်လောက်ပဲ Mixx ရိုက်ပုတ် နေပါစေ မငြိုငြင်သလို အမှတ်သည်းခြေလဲ မရှိပါဘူး... Mixx ကို တမျိုးပြီးတမျိုးကို လိုက်မွှေနေတတ်တာ My ပါပဲ...

Relationship & Reality (R)Where stories live. Discover now