Part-41

469 22 3
                                    

Thousand Stars Series က အောင်မြင်လာတော့ Mixx တစ်ယောက် အနုပညာအလုပ်တွေကို ဆက်တိုက် လုပ်ဖို့ ဖြစ်လာရတယ်။ ဒါပေမယ့် ကျောင်းတဖက်နဲ့ အလုပ်ကို မပျက်မကွက် ကြိုးစားရှာတယ်။ သူ့အတွက် ကျောင်းစာရော၊ အခုလို P'Earth နဲ့အတူ အနုပညာအလုပ်တွေ လုပ်ရတာရောက နှစ်ခုလုံး အရေးကြီးပါတယ်။

အရင်က သူ့ရည်ရွယ်ချက်ဖြစ်တဲ့ ‌တိကုဆေးကျောင်းသားအနေနဲ့ ထူးချွန်တဲ့ ကျောင်းသားဖြစ်အောင်လဲ ကြိုးစားတယ်။အနုပညာအလုပ်ကျတော့လဲ အရင်က လုပ်ဖို့ စိတ်ကူးမရှိခဲ့ပေမယ့် တကယ်တမ်း အဲဒီ့နယ်ပယ်ရောက်တော့ Mixx ပျော်တယ်။ ဘေးနားမှာ အမြဲ ဖေးမကူညီပေးတဲ့ P'Earthရှိနေမှတော့ Mixx အလုပ်ထဲမှာ စိတ်သက်တောင့်သက်သာနဲ့ တက်ကြွနေတာပေါ့။ P'Earthနဲ့သာ အတူတူဆိုရင် ဘယ်လောက်ပဲ ပင်ပန်းပါစေ... အဲဒီ့အလုပ်ကို လက်ခံနိုင်ပါတယ်။

ဒါကြောင့် သူ့ရည်ရွယ်ချက် နှစ်ခုလုံးကို မပျက်ကွက်အောင် Mixx ကြိုးစားတယ်။ အခုတော့ ကျောင်းစာမေးပွဲနဲ့ သူ့ သရုပ်ဆောင် careersအလုပ်တွေကြားမှာ အချိန်မအားလပ်နိုင်အောင် ဖြစ်နေပါတယ်။

Mixx ရဲ့ သဘောထားကို နားလည်တဲ့ Earth ကတော့ ဘာမဆို Mixx ဆန္ဒရှိတဲ့အတိုင်း လုပ်ဖို့ ခွင့်ပြုထားပြီး နားလည်ပေးနိုင်ပါတယ်။ သူ့စာမေးပွဲကြောင့် အတူတွဲလုပ်မယ့် အလုပ်တွေကို အချိန်ရွေ့ဆိုင်းပေးထားပါတယ်။ အရင်ကလဲ Mixx ရဲ့အကြောင်းကို Earth အသိဆုံးပါ။

စာလုပ်ဖို့ ဈာန်ဝင်သွားပြီဆိုရင် Mixx တစ်ယောက် ထမင်းမေ့ ဟင်းမေ့ တကမ္ဘာလုံးပါ မေ့တတ်တယ်။ တခုခုကို အာရုံစူးစိုက်ဖို့ ပြင်ပြီဆိုရင် Mixx သူ့ကိုသူပါ ဂရုမစိုက်ဘဲ ကျောင်းစာတခုတည်းကိုပဲ စိတ်ရောက်နေတတ်တဲ့ သူမျိုးပေါ့။ အဲလိုအချိန်တွေဆို Mixx အရမ်းပင်ပန်း တတ်တာသိလို့ Earth က သူ့ကြောင့် Mixx စိတ်မထွေပြားရအောင် တိတ်ဆိတ်စွာ နေပေးရတယ်။

ဒီနေ့က သိကြတဲ့အတိုင်း ချစ်သူများနေ့လေ... တရားဝင်ချစ်သူဖြစ်နေကြပေမယ့် ကံဆိုးစွာနဲ့ပဲ Mixx ရဲ့ နှစ်ကုန်စာမေးပွဲနဲ့ အချိန်နီးကပ်နေတာကြောင့် Earth အလိုက်တသိနဲ့ နားပူနားဆာ မလုပ်ရဲပါဘူး။ ဒါပေမယ့် Mixx က မမေ့မလျော့ ဖုန်းလှမ်းဆက်ပြီး တွေ့ကြဖို့ပြောတယ်။

Relationship & Reality (R)Tempat cerita menjadi hidup. Temukan sekarang