I'm Fine🔥1

5.3K 166 17
                                    

I'm Fine✨

"ရှေ့နေကြီး"

ဟောဟဲစိုက်ကာ အနားရောက်လာသည့် ဆယ်ဟွန်း။
တစ်နည်း ဂယောင်ဆူး၏လက်ထောက်လေး။

"ရေသွားခပ်ပေးရမလား အိုဆယ်ဟွန်း"

ဂယောင်ဆူး၏အမေးကို ဆယ်ဟွန်းက ဒူးပေါ်လက်ထောက်ခေါင်းငိုက်စိုက်ကျနေရင်းကပက် ခေါင်းခါပြသည်။

"နောက်နေတာမဟုတ်ဘူး အတည်ပြောတာ
မင်းဘာလို့ပြေးလာတာလဲ"

ရုံးချုပ်ခန်းထဲက ထွက်လာသည့် ဂယောင်ဆူးနောက်ကို
အိုဆယ်ဟွန်း ပြေးလိုက်တာလာ နှဖူးစပ်ကချွေးစက်တို့ဟာ သက်သေပင်။

"Monster ဂိုဏ်းရဲ့ရာဇဝင်ကို
ရှေ့နေကြီးကလိုက်မလို့ဆို"

"အေးလေ ဂိုဏ်းရဲ့အဓိက အုပ်ချုပ်သူကို လက်ရဖမ်းရမလို့ "

"Monsterက ဘယ်သူခေါင်းဆောင်ဆိုတာ
အားလုံးအသိလေ ဒါပေမဲ့ သူ့ကိုဘယ်သူမှ စွဲချက်တင်ပြီး
သက်သေနဲ့မဖမ်းနိုင်ကြတာ ရှေ့နေကြီးလဲအသိပဲကို"

"ဘယ်သူမှ မဖမ်းနိုင်တာနဲ့ ငါကလဲ သူ့ကိုအမိဖမ်းပြီး
ထောင်ထဲ မထည့်နိုင်ပါဘူးလို့ မင်းကို ကင်ဂျုံအင်က သင်ပေးလိုက်တာလား"

ကင်ဂျုံအင်နာမည် ကြားတာနဲ့ အိုဆယ်ဟွန်းမျက်နှာဟာ ရဲပတောင်းခတ်နေတော့သည်။
အထက်တန်း ရှေ့နေကင်ဂျုံအင်ဟာ ဂယောင်ဆူးရဲ့လက်ထောက်တပည့်လေး အိုဆယ်ဟွန်းအား ပိုးပန်းနေသည်မှာ လွန်ခဲ့သည့် ခြောက်လလောက်ကပင်။

တပည့်ကျော်အိုဆယ်ဟွန်းကတော့ ယခုတိုင်မူလို့ကောင်းဆဲပင်။

"ပတ်ချန်းယောလ်နဲ့ထိပ်တိုက်တွေ့ရင် ရှေ့နေကြီးအတွက်
မကောင်းဘူး ကျနော်ကစိုးရိမ်လို့ပြောတာပါ အဲ့လူက ဘယ်လောက်အထိ သွေးအေးပြီးရက်စက်တက်လဲ
ရှေ့နေ့ကြီးလဲ ကြားမှာပဲကို"

"လမ်းကြုံရင်……အင်း……ဘယ်သူပဲကြုံကြုံကွာ
ကြုံတဲ့သူနဲ့ရာဇသံပါးလိုက် ရှေ့နေဒိုဂယောင်ဆူးနဲ့ပတ်ချန်းယောလ်တွေ့တဲ့နေ့ Monsterဂိုဏ်းတစ်ခုလုံး
ပြာကျတဲ့နေ့ဖြစ်ပြီပဲ……ငါက သူများသွေးအေးတာထက်ပိုတယ်ဆိုတာ မင်းအခုထိမသိသေးတာတော့ စိတ်ထဲခံစားရတယ် ဆယ်ဟွန်း……
နေ့လည်စား ထမင်းလိပ်ဝယ်ပြီး ရုံးခန်းသာလိုက်ခဲ့တော့"

🔥I'm Fine🔥(Completed)Where stories live. Discover now