I'm Fine✨
"ဒီမှာ…ဟိတ် ကောင်လေး"
ဟိတ်ကောင်လေးဆိုသောကြောင့် ဂျွန်မြောင် ဘေးဘီလှည့်ကြည့်တော့ ကားကိုမှီကာရပ်နေသည့်လူတစ်ယောက်ကိုတွေ့ရသည်။
"မင်းကိုခေါ်နေတာ"
"ငါ့ကိုလား"
ခပ်တည်တည်ပင် ကိုယ့်ရင်ဘတ်ကို လက်ညှိုးပြန်ထိုးကာ မေးလိုက်တော့ ခေါင်းငြိမ့်ပြသည်။
ခွေးကောင်။ ငါ့ကိုများ ဟိတ်ကောင်လေးတဲ့။
လူကဖြင့် ငါ့သားလောက်ကို။"ဘာကိစ္စလဲ"
"မင်းဒီရုံးက အလုပ်သမားလား"
What the hell။
အထက်တန်းရှေ့နေ့ကင်ဂျွန်မြောင်ကိုလာပြီး
အလုပ်သမားလားမေးနေတဲ့ သကောင့်သားကို လည်မျိုသာ ခုံခုညှစ်လိုက်ချင်သည်။"ဟေ့ မေးတာကိုဖြေလေ"
"ငါ့နာမည် ဟေ့မဟုတ်ဘူး
မင်းထက်လဲအသက်ကြီးတယ် စကားကိုဆင်ခြင်""အာ…sorry ကိုယ်စကားပြောလောသွားတယ်
ဒီက နာမည်တစ်ချက်လောက်ပြောလို့ရမလား""ဘာကိစ္စလဲ မင်းတို့နဲ့ငါ့ကြား ဘာအကန့်မှမရှိသေးဘူးထင်တယ်"
"မင်းတို့"ဆိုသောကြောင့် ရီရှင်း မျက်ခုံးမြင့်သွားရသည်။
ဒီကောင်လေးလျှော့တွက်လို့တော့မရဘူးပဲ။"မဟုတ်မှ ကိုယ့်ကိုသိတာလား"
"Monsterရဲ့ဘယ်လက်ရုံးကို မသိရအောင်အထိ
ငါဥာဏ်နည်းမနေဘူး မင်းလာရတဲ့အကြောင်းအရင်းကိုပြော""OKလေ ရှေ့နေဒိုဂယောင်ဆူးကိုသိလား
သူ့လိပ်စာဖြစ်ဖြစ်""မသိဘူး……သူနဲ့လဲမရင်းနီးလို့ တခါမှလဲမတွေ့ဖူးဘူး
ဒါပဲမလား ငါသွားပြီ""နေအုံး……"
Shitt……မအေဘေး ငါ့လက်ကို ပေါပေါပဲပဲထင်ပြီးလာဆွဲနေတယ်။
ဂျွန်မြောင်လက်ကိုစောင့်ရုန်းကာ မျက်မှောင်ကုတ်ကြည့်လိုက်သည်။"မပြီးနိုင်ဘူးလားမင်း ငါမသိပါဘူးဆိုတာကို"
"ဒီရုံးမှာအလုပ်လုပ်နေမှတော့
ရှေ့နေတစ်ယောက်ကိုမသိဘူးဆိုတာ ဖြစ်နိုင်ပါ့မလား"