I'm Fine✨
"ဟိတ်"
ဂယောင်ဆူးခြံထဲမှာလမ်းလျှောက်ရင်း ဆယ်ဟွန်းကိုရှာနေတုန်း နောက်ကအသံကြောင့် လန့်သွားရသည်။
Kaiဆိုတဲ့ငနဲကောင်။"ဘာလဲ"
"အဟက်! သောက်ကြောတင်းပဲ
Angelဆို မင်းနာမည်က""သိပြီးသားကို ဘာကိစ္စလာမေးနေတာ"
"မဟုတ်ဘူးထင်လို့"
"ဒါဖြင့် မင်းကဘယ်သူထင်လို့တုန်း"
"ငါ့ထက်ကာယကံရှင်ဖြစ်တဲ့မင်းကပိုသိမှာပဲလေ"
"ဆယ်ဟွန်းရော"
"ငါ့လူကိုမေးတယ်ဆိုတော့ ငါမသိစေချင်တာရှိလို့လား"
"မင်းလူပျင်းနေမှာစိုးလို့မေးတာ
အလကားဘယ်သူမှမေးမနေဘူး""ပတ်ချန်းယောလ် မင်းကိုဘယ်လိုမျက်စိနဲ့များကြည့်ပြီး
သဘောကျနေလဲတွေးမရဘူး လူကဂျစ်စုတ်စုတ်နဲ့"မင်းလဲတစ်လောကလုံးသူ့လုပ်စာထိုင်စားနေရတဲ့ရုပ်နဲ့
အိုဆယ်ဟွန်းကို ဘာလို့ကြိုက်လဲ ဆိုပြီး မေးချင်တာ ဂယောင်ဆူးပါးစပ်ကိုယားလို့။Monsterကလူတွေဘာလို့များ တစ်ယောက်မှ သောက်ချိုးမပြေကြပါလိမ့်။
"ငါဒီကိုစရောက်တုန်းက မင်းကိုမတွေ့မိပါဘူး
ဘယ်ရောက်နေလို့လဲ Kai""အိုဆယ်ဟွန်းကိုသွားခိုးနေတာ
ဒါနဲ့ မင်းရောသိလား ကင်ဂျုံအင်ကို မြင်ဖူးလား""ငါကဘယ်လိုသိမှာလဲ
မဟုတ်တာတွေမေးနေမှာဆို သွားတော့""တွေ့ချင်လား ဆယ်ဟွန်းနဲ့"
"အင်း……အဲ ဘာကိစ္စတွေ့ချင်ရမှာတုန်း
မတွေ့ချင်ဘူး""အဟက်! ပတ်ချန်းယောလ်ခရီးထွက်သွားတာ
မင်းကိုဘာပြောသေးလဲ""မသိဘူးလေ ငါတောင် ခရစ်ပြောမှသိတာ"
"ငါကမင်းသိတယ်ထင်လို့"
"ဘာလုပ်သွားတာလဲ သူက"
"ဒိုဂယောင်ဆူးနဲ့သွားတွေ့တာတဲ့
မင်းသိလား အဲ့ရှေ့နေက ပတ်ချန်းယောလ်ယောကျာ်းလေ"