I'm Fine🔥8

685 96 30
                                    

I'm Fine✨

တက်ကြွနေသည့် Angelဟာ မနက်စာစားဖို့တောင်
ချန်းယောလ်အတော်ပြောယူနေရသည်။

"မနက်စာမစားရင် ကိုယ်လိုက်ခွင့်မပြုဘူးနော် အချစ်"

"စားမယ် စားမယ်…ဇွတ်ပဲ"

"လာ ဒီကို"

တခြားခုံသွားထိုင်ဖို့ပြင်နေသည့် Angelကို
ပြန်ဆွဲခေါ်ကာ ချန်းယောလ်ပေါင်ပေါ်ထိုင်ခိုင်းရသည်။

"ဘာလုပ်တာလဲဗျ လူကြီး"

"မနက်စာစားမယ်လေ"

"ကျနော့်ဘာသာစားပါ့မယ်
ကလေးလဲမဟုတ်တာကို"

"ပြောတော့ကိုယ့်ကိုချစ်တယ်ဆို
ဘာလို့စိမ်းကားနေရတာလဲ မနေ့ညကတောင်
ကိုယ်နဲ့အိပ်ပြီးတော့"

"ဘာ ဘာ အိပ်တာလဲ ဘယ်သူက လူကြီးနဲ့အိပ်လို့လဲ"

နားရွက်ဖျားတွေနီရဲလာပြီး ချန်းယောလ်စကားကို အတင်းငြင်းနေသည်။

"ဘာတွေတွေးနေတာလဲအချစ်က
ကိုယ်ပြောတာ ကိုယ့်အခန်းမှာ ကိုယ့်ရင်ခွင်ထဲမှာ အိပ်တယ်လို့ပြောတာလေကွာ"

"ခွံ့မှာဖြင့်ခွံ့တော့ ဗိုက်ကဆာပြီ
ပြီးရင်သွားတော့မှာ ခရစ်ကမစောင့်ဘဲနေလိမ့်မယ်"

"ကိုယ့်အမိန့်မရသေးဘဲ သွားလို့မရပါဘူးအချစ်ရယ်"

ဂယောင်ဆူးခမျာ အင်တင်တင်နှင့်သာ
ပတ်ချန်းယောလ်ကျွေးသမျှစားနေရသည်။
ပေါင်ပေါ်ထိုင်ထားတာမို့မိမိအောက်က ပတ်ချန်းယောလ် အခြေအနေကိုလဲ သတိထားမိသည်။

ဘာမှလဲမလုပ်ပါဘဲ စောစောစီးစီးတောင် ပတ်ချန်းယောလ်ကထန်နေပုံရသည်။
ယောကျာ်းတစ်ယောက်အပေါ်မှာ ပတ်ချန်းယောလ်က အဲ့လောက်အထိတောင်စိတ်ဝင်စားသတဲ့လား။

မနက်စာစားပြီးတော့ ဂျက်လေယာဉ်ထားသည့် ကွင်းသို့သူကိုယ်တိုင်လိုက်ပို့ပေးသည်။
ခရစ်နဲ့ဘတ်ခ်ဟျွန်းအပြင် ထယ်ယုံးလဲပါသည်။

"ခရစ် ငါစိတ်မပျက်ချင်ဘူး သေချာလုပ်ခဲ့"

"စိတ်ချပါခေါင်းဆောင်"

"ပြီးတော့ Angelကို ဂရုစိုက်
တစ်ခုခုအန္တရာယ်ရှိလာရင်
ပစ္စည်းတွေမပါလာချင်နေပစေ Angelသာထိခိုက်ဒဏ်ရာမရစေနဲ့"

🔥I'm Fine🔥(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ