I'm Fine✨
"တောင်းပန်ပါတယ်"
ဂယောင်ဆူးမှာထိုစကားကလွဲပြီးပြောစရာမရှိ။
မိမိစသည့်ကိစ္စမို့ တခြားသူတွေ ခေါင်းခံစရာလဲမလိုပေ။
စီနီယာဂျွန်မြောင်နဲ့ဆယ်ဟွန်းကိုပါ အကန့်အသတ်မရှိတာဝန်ရပ်စိုင်းမည်ပြောလာတော့
ဂယောင်ဆူးပဲ ဖြန်ဖြေရသည်။ဝါသနာပါလို့ကြိုးစားကာ ဖြစ်အောင်လုပ်ခဲ့သည့်အလုပ်။
ခဏတာဆုံးဖြတ်လိုက်သည်ကြောင့် ရပ်စိုင်းခံလိုက်ရသည်။
သုံးနှစ်တဲ့။
ရှေ့နေအဖြစ်က သုံးနှစ်တိတိနားရမည်တဲ့။
အင်း ဘယ်လိုပြောရမလဲ။သေချာစဉ်းစားမယ်ဆို ဒါကတန်ရာတန်ကြေးပါပဲ။
ဒီလိုဖြစ်လာမယ်ဆိုတာလဲ ဂယောင်ဆူးတွေးခဲ့ပြီးသားဖြစ်သည်။"ဂယောင်ဆူး…ဘာလို့တစ်ယောက်ထဲခေါင်းခံလိုက်တာလဲ"
"ဘာလဲ စီနီယာကပါ တာဝန်ရပ်နားချင်လို့လား"
"အဲ့တာထက် ဒီအမှုကိုငါတို့အတူလုပ်ခဲ့ကြတာလေ"
"ဦးဆောင်သူကကျနော်ပါ
အစီရင်ခံစာအရင်မတင်တာလဲကျနော်ပဲ
တော်သေးတာပေါ့ လတ်တလောလက်ခံထားတဲ့အမှုဘာမှမရှိလို့""မင်းအခု ဆိုးလ်မှာပဲနေအုံးမှာမလား
ပတ်ချန်းယောလ်အမှုပြီးအောင်နေလိုက်အုံး""အမှုကတော့ တရားရုံးကပဲဆုံးဖြတ်မှာဆိုတော့
ကျနော်နဲ့မဆိုင်ပါဘူး ဘူဆန်ကိုသွားမလားလို့
အဖွားစီလေ…ဘတ်ခ်ဟျွန်းအခြေအနေကောင်းမှပါ""အော်…အေး
ဒါနဲ့မနက်ဖြန် Monsterအိမ်ကြီးကို
နိုင်ငံတော်ပိုင်အဖြစ်သိမ်းမယ်တဲ့ မင်းသိတယ်မဟုတ်လား""အင်း …Monsterပိုင်ဆိုင်မှုတိုင်းက
ပတ်ချန်းယောလ်ဟာတွေဆိုပေမဲ့ တရားမဝင်ငွေတွေနဲ့လုပ်ထားတာဆိုတော့ နိုင်ငံတော်ပိုင်သိမ်းတာဖြစ်သင့်ပါတယ်…
ကျနော့်ဖိုင်တွေကတော့ ဆယ်ဟွန်းကိုသာ သိမ်းခိုင်းလိုက်တော့စီနီယာ အခုသွားတော့မယ် ဆေးရုံကို""အေးအေး … ငါညနေမှ ဂျုံအင်နီးနဲ့လာခဲ့မယ်ဘတ်ခ်ဟျွန်းစီကို"
"ဟုတ်"
နဂိုကတည်းက သံယောဇဉ်တွယ်တက်သူမဟုတ်တော့
SKY အဆောက်အဦးအတွင်းက ရုံးခန်းကိုလဲ ပြန်ကြည့်မနေတော့။
ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်ပဲမို့ ဂယောင်ဆူးခြေလှမ်းတွေကတော့ရှေ့ဆက်နေမြဲ။
~~~~~~~~~~~~