🍀Part-1🍀

164K 6.2K 814
                                    

(Unicode)
"မေမေရေ!!!မေ​မေ!!!လာပါဦး!!မြတ်တော့ ရှက်တာပဲ သိတယ်"

ဝုန်း!!!!ခွမ်း ခလွမ်း!!!

ဒေါ်မြကေသီအခန်းထဲမှာ အထည်ဆိုင်က လချုပ်စာရင်းတွေ လုပ်နေတုန်း သမီးကြီးဖြစ်သူ မြတ်နှင်းသက်၏ အော်သံကြောင့် လုပ်လက်စ အလုပ်တွေကို ရပ်ပြီး သမီးဆီသွားရတော့သည်။ ဧည့်ခန်းထဲရောက်တော့ ကျောင်းလွယ်အိတ်ကို ကြမ်းပြင်တွင် ပစ်ပေါက်ထားပြီး ထမင်းချိုင့်ကလည်း တစ်ဆင့်ဆီ ပစ်စလက်ခက်ကျနေ၏။ သမီးဖြစ်သူ၏လက်ကိုဆွဲကာ ဆိုဖာပေါ်တွင် ထိုင်​စေပြီး ကိုယ်ပါ အနားမှာဝင်ထိုင်လိုက်သည်။

"သမီး ဘာဖြစ်လို့လဲ မေမေ့ကိုပြော...သမီးကို ဘယ်သူတွေ အနိုင်ကျင့်လို့လဲ"

"ဘယ်သူရှိမလဲ မေမေ့သား! မေမေ့သား​ပေါ့! အခုကော ဘယ်မှာလဲ"

"ဘာဖြစ်လို့လဲ သမီးရယ်။ မေမေ့ကို ပြောပါဦး"

"မေမေ့သားလေ ကျောင်းမှာ ဘယ်လိုဟာတွေနဲ့ပေါင်းနေလဲ မေးကြည့်ပါဦး"

"ဘယ်လိုဟာတွေနဲ့ ပေါင်းနေလို့လဲ သမီးကြီး"

ဖအေလုပ်တဲ့သူပါရောက်လာတာမို့ အတော်ပဲ ဖြစ်သွားသည်။နောက်မို့ဆို အငယ်ကောင်အကြောင်း ဖေဖေ့ကို နောက်တစ်ခေါက်ပြောပြဖို့အတွက်ကို မြတ်ရှက်တာမို့ ပါးစပ်ကနေ နောက်တစ်ခေါက် ထပ်မပြေချင်ပေ။

"ဖေဖေ့သားလေ ကျောင်းမှာ အခြောက်တွေနဲ့ပေါင်းနေတယ်။ မြတ်သူငယ်ချင်းတွေက ပြောနေပြီ နင့်မောင်က အခြောက်တွေနဲ့ပေါင်းနေတော့ ခြောက်နေတာလားတဲ့။ဘယ်လောက်ရှက်စရာကောင်းလိုက်လဲ"

ကျောင်းက ပြန်လာလာချင်း အစ်မဖြစ်သူပြောတာကိူ ကြားလိုက်တဲ့အတွက် အထဲဝင်ဖို့ ခြေလှမ်းတွေ ရပ်တန့်သွားသည်။

"အဲ့လိုလူတွေနဲ့ အပေါင်းအသင်းမလုပ်ပါနဲ့ ပြောထားတာကို မမှတ်ဘူး! ဘယ်မှာလဲ အဲ့ကောင်"

"ကျောင်းက ပြန်မလာသေးဘူး ကို"

"ကျောင်းဆင်းချိန်ကျော်နေပြီလေ။ ကျောင်းက ပြန်မရောက်ရောက်အောင် ဘယ်ဝင်ပြီး ဘာလုပ်နေလဲ၊ ပြန်ရောက်ရင် မလွယ်ဘူး"

ညို...(Completed)Where stories live. Discover now