🍀Part-7🍀

38.9K 3.6K 140
                                    

(Unicode)

(Unicode)

~~~If you need a lover
Let me know and let me in
I could treat you better
Steal you roses every day
I might not have a fancy car but i fancy you
So gimme a chance
If you need a lover baby~~~

မြတ်ဦးညို Alarm သံကြောင့် မပွင့်သော မျက်လုံးများကို အတင်းဖွင့်လိုက်ပြီး လက်ကလည်း ဖုန်းကိုယူကာ မြည်နေသော Alarm သံကို ပိတ်လိုက်၏။

Alarmသံကို ကေကေရဲ့ ကောင်းမှုကြောင့် ​ကြိုက်နှစ်သက်သွားသည့် EXOအဖွဲ့ဝင် D.O၏ Solo Albumထဲက "ROSE" ကို ထားထားခြင်းဖြစ်သည်။ မိကေကေက ခင်လာသည့် ၁လအတွင်း သူ့(မ)အကြောင်းထက် EXOအကြောင်းကို ပိုပြောသည်။EXOအဖွဲ့က ၁၂ယောက်နှင့် ဖွဲ့စည်းထားပြီး ထိုထဲမှ ၃ယောက်က အကြောင်းတစ်ခုခုကြောင့်ထွက်သွားတာဖြစ်သည်။ သူ့(မ)ရင်ထဲမှာတော့ ၁၂ယောက်လုံးကို အခုထိ နှစ်သက်တုန်းဖြစ်သည် ဟုဆို၏။ ဤကဲ့သို့ အကြောင်းများကိုပြောရမည်ဆိုလျှင် အာပေါက်မတက် ပြောတက်သူဖြစ်သည်။

"အညိုရေ....သားနိုးပြီလား"

အညိုတွေးနေတုန်း အခန်းအပြင်မှ ကြီးဆန်း၏ အသံကို ကြားတာကြောင့် အတွေးကို ရပ်လိုက်၏။

"ဟုတ် ကြီးဆန်း "

"အဲ့ဒါဆို ကြီးဆန်းစားဖို့ ပြင်ထားလိုက်တော့မယ်နော်။ဒီနေ့ အညိုလေးကြိုက်တဲ့ နန်းကြီးသုတ်လေး သုတ်ပေးမလို့"

"ဟုတ်"

အညိုလဲ ရေချိုးခန်းထဲဝင်ကာ ရေအမြန်ချိုးလိုက်ပြီး အောက်ထပ်ကို မနက်စာစားရန် ဆင်းသွားလိုက်သည်။

"ဖွားဖွားတို့ ညိုကြာသွားလား။အဲ့ဒါကြောင့် စား
နှင့်ပါဆိုတာကို"

"ဖွားက ဖွားမြေးလေးနဲ့ စားချင်လို့ပါရှင်"

"ရော့ အညိုလေး၊ ကြီးဆန်း ငါးဖယ်တွေ အများကြီးညှပ်ထည့်ပေးထားတယ်"

"ဟုတ် ကျေးဇူးပါ ကြီးဆန်း"

ကြီးဆန်းပြင်ပေးတဲ့ ငါးဖယ်နန်းချင်းနှင့် နန်းကြီးသုတ်ကို အားရပါးရစားလိုက်သည်။စားပြီးသည်နှင့် ဖွားဖွားတို့ကို ကျောင်းသွားဖို့ ပြင်ဦးမည်ဟု ပြောကာ အပေါ်ပြန်တက်လာလိုက်သည်။

📱Call me baby, call me baby
Call me baby, call me ba...📱

အခန်းထဲ အဝတ်အစားလဲနေတုန်း ဖုန်းသံကြောင့် ဖုန်းကိုယူကြည့်တော့ contact nameက "အငတ်မ"

ညို...(Completed)Where stories live. Discover now