🍀Part-8🍀

37.6K 3.5K 170
                                    

(Unicode)

"တော်သေးတာပေါ့ကွယ် သားနဲ့တွေ့လို့သာပေါ့ တော်ကြာ မြေးလေးဘဝတော့ ဖွားမတွေးရဲစရာပဲကွယ်"

"အခု ဟိုကောင်တွေကို ဘယ်လိုလုပ်မလဲ ဖွား၊ တရားစွဲမလား ဖွား"

အညို သူ့ဘေးက အသံတွေ ကြားတာကြောင့် မျက်လုံးဖွင့်ကြည့်တော့ မျက်နှာကြပ်ဖြူဖြူရယ်၊ အညို့လက်ကိုကိုင်ပြီး တခြားတစ်ယောက်နှင့်စကားပြောနေသည့် ဖွားဖွားရယ်၊ ဖွားဖွားကို မတ်တပ်ရပ်ပြီး စကားပြောနေတဲ့လူရယ်ကို တွေ့ရသည်။သိူ့သော် ဘေးတစောင်းမို့ သဲသဲကွဲကွဲတော့ မမြင်ရ။

"အင်းးးးဖွားးးးဖွားးး"

"​မြေးလေး နိုးပြီလား မြေး"

"ဟုတ်"

"တော်သေးတာပေါ့ မြေးလေးရယ် ဘာမှ ဖြစ်မသွားပေလို့"

"ညီ သက်သာရဲ့လား"

"ဟင် အကိုဥက္ကာဇွဲက ဘယ်ကနေဘယ်လို"

"မြေးလေးကို သားဇွဲကယ်လာပေလို့ပေါ့"

"ကိုယ်Toiletလာရင်း အသံကြားတာနဲ့ လာကြည့်တာ၊ အမြင်မတော်လို့ ကူရင်း ညီခေါ်တဲ့အသံကိုကြားလို့လှည့်ကြည့်မှ ​ညီဖြစ်နေမှန်းသိတာ၊ အဲ့ဒါနဲ့ ကိုယ်လဲ ကိုယ့်အပေါ်ထပ် ထပ်ပေးပြီး ညီ့ကို ကျောင်းဆေးခန်းခေါ်လာလိုက်တာ၊ ပြီးတော့ ကျောင်းက ညီ့အုပ်ထိန်းသူကို ဖုန်းဆက်ခေါ်တော့ ဖွားရောက်လာမှ ညီက ဖွားပြောပြောနေတဲ့ ဖွားအချစ်တော်မြေးလေးမှန်းသိတယ်"

"ဖွားဖွားနဲ့ အကိုဥက္ကာဇွဲနဲ့က သိတယ်လား"

"ဖွားတို့ ဘေးအိမ်က သားဇွဲတို့ အိမ်လေ"

"အန်တီသွယ့်သားက အကိုဥက္ကာဇွဲလား"

"ဟုတ်ပါတယ်ဗျာ ကိုယ်က ဦးရဲရင့်နဲ့ဒေါ်ဆုသွယ်တို့ရဲ့ တစ်ဦးတည်းသောသားပါဗျ"

"မြေးလေးလဲ သတိရပြီဆိုတော့ ဖွားတို့ အိမ်ပြန်ရအောင်"

"ဟုတ် ဖွားဖွား"

"လာ ညီ ကိုယ်ကူတွဲပေးမယ်"

"ကျေးဇူးပါဗျ"

အညိုတို့ပြန်လာတော့ ကျောင်းတက်နေသည့်အချိန်မို့ ကျောင်းဝင်းထဲလူရှင်းနေသည်။အကို ဥက္ကာဇွဲက ကားနားလေးထိလိုက်ပို့ပေးပြီး အတန်းချိန်တက်စရာရှိသေးလို့ဟုဆိုကာ ​ပို့ပြီးတာနဲ့ ပြန်ထွက်သွား၏။အညိုလဲ ဖြစ်သမျှအကြောင်းတွေကိုမေ့ရန် ကားပြတင်းပေါက်ကို မှီကာ မှေးလိုက်လာလိုက်သည်။ ဖွားဖွားနဲ့ ဦးအောင်ကလည်း အညို စိတ်ညစ်နေတာ သိ၍ထင်၏ ဘာမှမမေးသလို ဘာမှလဲ မပြောပေ။အိမ်ပြန်ရောက်တော့လဲ ကြီးဆန်းက ထိုအတိုင်းပင်။

ညို...(Completed)Where stories live. Discover now