🍀Paat-6🍀

39.7K 3.6K 183
                                    

(Unicode)

(Zawgyi)

ကားလေးတစ်စီး မြတ်စံအိမ်ခြံရှေ့တွင် ရပ်လာသည်။ ထိုကားပေါ်မှ မိန်းကလေးတစ်ဦး ဆင်းလာ၏။

"ဦးလေး ညနေ ပြန်လာခါနီးကျ ဖုန်းဆက်လိုက်မယ်နော်"

"ဟုတ်ပြီ သမီး။ ဒါဆို ဦးလေး ပြန်ပြီနော်"

"ဟုတ်"

ကားမောင်းသည့် Driverဦးလေးကို ပြောပြီး အသင့်ဖွင့်ထားသော ခြံတံခါးအတိုင်း အိမ်ကြီးရှိရာသို့ ဝင်သွားလိုက်သည်။ ဧည့်ခန်းထဲတွင် မိန်းမကြီး နှစ်ဦးထိုင်နေပြီး TVမှလာသော ကိုရီးယား ဇာတ်လမ်းတွဲကို ကြည့်နေကြသည်။

"ဖွား!ကြီးဆန်း"

သူ(မ)ခေါ်လိုက်တော့ TVသို့ရောက်နေသော အကြည့်များက သူမဆီသို့ ရောက်လာသည်။ထိုထဲမှ အသက်ပိုကြီးသည့် အမျိုးသမီးမှ ဝမ်းသာအားရဖြင့် ဆို၏။

"သမီးလေး၊ သမီးသူငယ်ချင်းဆီလာတာလား"

"ဟုတ် ဖွား"

"တက်သွားလိုက်သမီးလေး။မြေးလေး မနက်စာစားပြီး အပေါ်မှာ ပုံဆွဲနေတယ်ထင်ပါရဲ့"

"ဟုတ် ဖွား။ ဒါဆို သမီးတက်သွားလိုက်ဦးမယ်"

သူ(မ)လဲ ဖွားကို ပြောပြီး အပေါ်ထပ်ရှိ သူ(မ)သူငယ်ချင်းလေးရှိရာဆီ တက်သွားလိုက်သည်။

ဒေါက်!ဒေါက်!

"ကြီးဆန်းလား လော့မချထားဘူး ဝင်ခဲ့နော်"

အထဲက လှမ်းအော်သံကြောင့် တံခါးကို တွန်းဖွင့်လိုက်သည်။

"ဝါးးးးးအညို!!"

"အရှုပ်ထုတ်မ!စောစောစီးစီး သူများအိမ်ရောက်လာပြီ"

"သူများအိမ် မဟုတ်ပါဘူးနော်။ငါ့သူငယ်ချင်းလေး အိမ်"

"ကုတင်ပေါ် ခနတက်ထိုင်ဦး။ငါပုံလေးအပြီး
သတ်ဦးမယ်"

"အိုခေ အိုခေ"

သူ(မ)လဲ ကုတင်ပေါ်တက်လှဲနေပြီး သူမသူငယ်ချင်းလေးကို ကြည့်နေလိုက်သည်။အညိုနဲ့ ကေကေ ခင်တာ ၁လလောက်ရှိရောပေါ့။ထို၁လ အတွင်း ပိတ်ရက်တွေဆိုလျှင် အညို့ဆီ လာလည်နေကြဖြစ်သည်။ အညို့ အဖွားနဲ့ သူမ အဖွားကလည်း သူငယ်ချင်းတွေ ဖြစ်သော
ကြောင့် အညို့ဆီကိုဆိုလျှင် စိတ်ချလက်ချလွှတ်သည်။ အညိုက စာတော်သောကြောင့် သူ(မ)နားမလည်သည့်စာများကိုလည်း စိတ်ရှည်လက်ရှည်ရှင်းပြသည်။ အညိုနှင့် ခင်သည့် ၁လက မကြာပေမဲ့ နှစ်ဦးသား မောငျနှမ အရင်းများဖွယ် ရင်းနှီးလေသည်။ ကျောင်းတွင်လည်း တခြားဘယ်သူနဲ့မှ အညိုက မပေါင်းသလို သူ(မ)ကလည်း အညိုကလွဲပြီး မည်သူနှင့်မှ မပါင်းပေ။အညိုသည် တခါတရံ ပျော်ပျော်ရွှင်ရွှင်နေတက်ပြီး တခါတရံဆိုလျှင် မှိုင်နေတက်သည်။ အညို့စိတ်ကို ဘယ်လိုမှ မခန့်မှန်းနိုင်ပေ။

ညို...(Completed)Where stories live. Discover now