အခန်း ၂၇။ ငါ့expression pack နဲ့ ငါ့ကိုပြန်တိုက်ခိုက်သတဲ့။

690 113 0
                                    

အခန်း ၂၇။ ငါ့expression pack နဲ့ ငါ့ကိုပြန်တိုက်ခိုက်သတဲ့။

လင်းမုန့်တစ်ယောက် ဖွင့်ထားသည့် ဖုန်းကိုကိုင်ထားလျက်ဖြင့် အိပ်ရာထက်တွင် လူးလှိမ့်နေမိသည်။  သူ WeChat ကို ဖွင့်ထားသည်မှာ ဆယ်မိနစ်ခန့်ပင်ရှိနေပြီဖြစ်ပြီး ရှန်းကျူထံသို့ ငွေပြန်ပေးရန်အတွက်လည်း တုံ့ဆိုင်းနေမိသည်။

တိုက်ရိုက်ထုတ်လွှင့်သူ မည်သူမဆို လက်ဆောင်ကိုလက်ခံရရှိပါက အလွန်အင်မတန် ၀မ်းသာကြလိမ့်မည်မှာအမှန်ပင်ဖြစ်၏၊

ဒါပေမယ့်လည်း ကိုယ်နှင့်သိနေသူမှပေးသောအခါ သူ့(လင်းမုန့်)ကို အနည်းငယ်သော ရှက်ရွံ့စိတ်ကိုဖြစ်စေသည်။

ဘာကြောင့်လည်းဆို ဒါက ကိုယ်နဲ့တစ်ခါမှမတွေ့ဖူးသောသူမှပေးသည်နှင့်မတူခြားနားနေသောကြောင့်ပင်။

ရှန်းကျူ : ကောင်းသောညပါ။

သူရှေ့မတိုးသာနောက်မဆုတ်သာဖြစ်နေစဉ် ရှန်းကျူက သူထံသို့ ပထမဦးစွာမက်ဆေ့ခ်ျပို့လာလေသည်။ စိတ်၏လှုံ့ဆော်မှုကြောင့် လင်းမုန့်သည် ၂၀၀တန် စာအိတ်နီကိုပို့လိုက်မိသည်။

သူလုပ်လိုက်မိတာနဲ့ချက်ချင်းလက်ငင်းပင်နောင်တရချင်သွားသည်။ ကြောင်အိမ်တစ်ခု ၀ယ်ဖို့အတွက် ၂၀၀ က လောက်ပါ့မလား သူ မသိဘူး။

အခြားတစ်ဘက်ကလက်ခံကြောင်း ငွေလွှဲသည့်အချက်အလက်က မျက်နှာပြင်ထက်တွင်ပေါ်လာသည်။

ရှန်းကျူ : ကိုယ်က မင်းရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို ချီကျူးဂုဏ်ပြုတယ်။ ဒါပေမယ့် မင်းကတော့ ကိုယ့်ကို (သခင်မတစ်ယောက်လို) ထားချင်နေတာလား။

လင်းမုန့် : ...

ရုတ်တရက် သူ ဒီလူကြီးနဲ့ ရန်ဖြစ်ချင်စိတ်ပင်မရှိတော့ဘဲ စာအိတ်နီကိုတောင် ပြန်ယူချင်မိသွားသည်။

လင်းမုန့် : ယာဉ်မောင်းဟောင်းကြီးရေ... ငါ့ကိုသင်ပေးပါ။ မင်းအမြန်နှုန်းကို ၀ ကနေ ၂၀၀ အထိဘယ်လိုအရှိန်မြှင့်ခဲ့တာလဲ။

(Y/N-ယာဉ်မောင်းဟောင်း ဆိုတာက ညစ်တီးညစ်ပတ်ပြောတဲ့နေရာမှာ ဝါရင့်သဘာရင့် နေပြီလို့အဓိပ္ပါယ်ရပါတယ်တဲ့ရှင်)

(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)Where stories live. Discover now