Episode - 1

8.1K 293 4
                                    

Unicode

ဘဝမှာ မထင်မှတ်ထားစရာတွေ ကြုံတွေ့ရသည်ဆိုတာကို ဝင်းသလက်လို့ခေါ်သည့် ချစ်စရာအလွန်ကောင်းသော သားသားလေး လက်ခံရလေပြီ ။ အကြောင်းကတော့ အမှတ်မထင်ဆုံသည့်သူကြီးနှင့် မထင်မှတ်သောအချိန်မှာ ပြန်ဆုံတွေ့ခဲ့ရသည်မို့ပင်...

ဝင်းသလက်လို့ခေါ်သည့် သားသားက အရမ်းချစ်ဖို့ကောင်းတာဗျ ။ ဆယ်တန်းကို ဂုဏ်ထူးတစ်လုံးဖြင့်အောင်မြင်ခဲ့သည်။ တက္ကသိုလ် တတ်ရတော
physics major ကို အထူးပြုယူခဲ့သည်။
ပထမဆုံးကျောင်းစတတ်ရက်မှာ သူငယ်ချင်းသုံးယောက် ရခဲ့သည်။
သူတို့တွေက တေးဥသြ ၊ ကမ္ဘာစိုးစံ နှင့် ဝိုင်းဖြိုး။

တစ်နေ့ တေးတေးက သူ့အိုးကြီး အဲလေ သူ့ရည်းစားကြီးနှင့် သူငယ်ချင်းတွေကို မိတ်ဆက်ပေးလေသည်။ သူ့ရည်းစားကြီးကလည်း သူ့သူငယ်ချင်းတွေနှင့် ပြန်မိတ်ဆက်ပေးသည့်အခါမှာတော့ သားသားဝင်းသလက်လေး လန့်ဖြန့်သွားရတော့သည်။
တေးတေးရည်းစားကြီး၏ သူငယ်ချင်းနှစ်ယောက်ထဲက တစ်ယောက်က ဟိုရက်က မတော်တဆ တွေ့ဆုံခဲ့သည်မို့ပင်....။
ထိုသူကလည်း ဝင်းသလက်ကို မျက်တောင်မခတ်တမ်းသာ ကြည့်လေတော့သည်။
မျက်နှာတွေ ပူလိုက်တာဆိုတာလေ.....။
တော်သေးတာပေါ့ ငတေးဥသြက သူ့ဘေးက
ငစိုးစံကိုသာ အာရုံရောက်နေသည်မို့။
ငစိုးစံကလည်း တေးတေးရည်းစား၏ သူငယ်ချင်းတစ်ယောက်နှင့် ဝင်တိုက်မိခဲ့သည်တဲ့လေ... ။
ငစိုးစံက အလန့်တကြားမျက်လုံးတွေပြူး ပါးစပ်တွေဟဆိုတော့ သိသာကုန်တာပေါ့။
သားသားလေး ဝင်းသလက်ကတော့ ငစိုးစံလောက် ရုပ်မပေါက်လိုက်သည်မို့ ဘယ်သူမှမသိလိုက်ပေ အဟစ် အဟစ်......။
အဲ ဝင်းသလက်ဆုံသည့်သူကြီးကတော့ မျက်နှာကြီးက ပြုံးစိစိကြီးနှင့် လူကို ကြည့်နေလေသည်။
ဘာလားပေါ့.......... အခွက်ပြောင်သလားမသိပေ။

……………………………………………

ဖြစ်ပုံကတော့ ဒီလိုဗျ...............

ဒေါ်သလက် သားဖြစ်သူ၏ အိပ်ခန်းထဲ ဝင်လာပြီး စက်တော်ခေါ်နေသော သားတော်မောင်ကို
နှိုးလိုက်သည်။

" သားရေ ထတော့ အောက်မှာ ဖွားဖွားကြီး ရောက်နေတယ် သားကို ခိုင်းစရာရှိလို့တဲ့
ထတော့နော် "

အချစ်က ဒူးရင်းခြံပိုင်ရှင်လေး ( Completed) Where stories live. Discover now