Episode - 6

1.5K 140 6
                                    

Unicode

" နောက်ဆုံးတော့ ဖွင့်ပြောခဲ့ပြီပေါ့ ငပြေ "

" ဂုဏ်ယူပါတယ် ငပြေရေ..."

အိုးဆက်နှင့် ဇီဝတို့၏ ဂုဏ်ပြုစကားကို ကျေကျေနပ်နပ်ကြီးပြုံးကာ လက်ခံနေပါသော ပြေဝေမိုးကြီးပါ။ ဘေးကနေလည်း ဝင်းလေး၏ လက်ကလေးကို ဖွဖွလေးကိုင်ထားသေးသည်။

" အော် ငါ့သူငယ်ချင်းလေး ငိုရကျိူးနပ်သွားပြီ "

မသာတေးဥသြအပြောကို ကျန်တဲ့သုံးကောင်က ခေါင်းညိမ့်ကာလက်ခံကြသည်။ သောက်bffတွေ
ကောင်းကျိူးမပေးကြဘူး။

" ညနေ ကိုယ် လာကြိုမယ်နော် ဝင်းလေး "

" ဟုတ်..."

သူတို့အတွဲတွေနှင့်သူတို့ ချစ်ကြည်နူးတစ်တီတူး
နေကြတာကို ထိုင်ကြည့်နေရတာက သနားစရာ ဝိုင်းဖြိုးလေးပင်။
တစ်ယောက်ထဲရယ် ချစ်ရတဲ့ကိုကိုကလည်းအနားမရှိ.......ဟင့် ။

ဝိုင်းဖြိုး ကိုကို့ကို သတိရနေပါသည်။ ထိုစဥ် ဖုန်းလာသည်မို့ ကလေးအတွေးဖြင့်တွေးလိုက်မိသည် ' ကိုကို ကို့လွမ်းနေတာမို့ သိလို့ဆက်တာ'
ဟု။ ဖုန်းကိုကြည့်လိုက်တော့ ' ကိုကို ' ဟုသော အမည်လေးနှင့်အသံပုံစတစ်ကာ...။

ဝိုင်းဖြိုးဝမ်းသာသွားကာ အမြန်ကိုင်လိုက်တော့
​ကြားလိုက်ရသောစကားသံတွေက ဝိုင်းဖြိုး၏နားထဲ သံရည်ပူတွေလောင်းထည့်လိုက်သလို။
ရင်ထဲက အသည်းနှလုံးကို မီးနှင့်ရှို့နေသလို။
တစ်ဖက်ကပြောလာသည်က ' ​ဒေါက်တာ ဆေးရုံမှာ မေ့လဲသွားလို့ ' ဟုသော စကား။
ဘာမှမတွေးနိုင် မမြင်နိုင်တော့ canteen ကနေ ကားရှိရာဆီ အမြန်ပြေးသွားမိသည်။

" ငဝိုင်း ဘယ်လဲ......."

" ဆေးရုံ.."

ဟင်.... ဘယ်သူ ဘာဖြစ်လို့လဲ မသိဘူး ။
ငဝိုင်းရယ် ေပြးသွားလိုက်တာ လန့်တောင် လန့်သည်။

" ဘယ်သူများ ဆေးရုံတတ်ရလို့လဲ မသိဘူးနော်"

" အေး ငဝိုင်းရယ် မျက်ရည်တွေတောင် ဝဲနေသလိုပဲကွ "

ထိုနေ့ကစပြီး ကျောင်းမလာတော့သော ဝိုင်းဖြိုး။
ဥသြတို့သူငယ်ချင်းသုံးယောက်လည်း ဘယ်သူပဲဆေးရုံတတ်ရသည်ဖြစ်စေ အမြန်ဆုံးသက်သာပါစေ လို့သာ ဆုတောင်းပေးမိသည်။
ဝိုင်းဖြိုးက သူငယ်ချင်းလေးယောက်သားဆုံတိုင်း ဥသြတို့သုံးယောက်ကို ကာကွယ်ပေးတတ်သော ညီလေးပင်။ ဟုတ်ပါသည်...... လေးယောက်လုံးထဲမှာ ဝိုင်းဖြိုးက အသက်အငယ်ဆုံး။ အတည်ငြိမ်ဆုံးနှင့်အရင့်ကျက်ဆုံးလည်းဟုတ်ပါသည်။ အခုတော့....... ကျောင်းမလာသည်မို့ မတွေ့ရတာ တစ်ပတ်လောက်ရှိပြီ။
ဖုန်းဆက်သော်လည်း မရသည်မို့ ဘာလုပ်လို့ လုပ်ရမှန်းမသိတော့ပါ။

အချစ်က ဒူးရင်းခြံပိုင်ရှင်လေး ( Completed) Where stories live. Discover now