Episode - 7 final

2.3K 162 4
                                    

Unicode

အချိန် ၇ ရက်ကြာမြင့်ပြီးသည့်နောက်မှာတော့
ဝိုင်းဖြိုးတစ်ယောက် ပြန်ပေါ်လာခဲ့သည်။
သို့သော် တစ်ယောက်ထဲတော့ မဟုတ်ခဲ့...
ဘေးမှာသူ့ကိုကိုဆိုသည့် ဒေါက်တာလေးလည်း ပါလာခဲ့သည်။ ဒေါက်တာက တကယ်ကိုအေးချမ်းပြီး ချစ်စရာကောင်းလှသည်။ ပြောရရင် ဝိုင်းဖြိုးနဲ့တောင် မတန်ချင်။ သို့သော် ဒေါက်တာက ဝိုင်းဖြိုးကို အရင် စချစ်ခဲ့သည်တဲ့လေ.....။

" ကိုဆုက တကယ် အေးချမ်းတယ်ဗျ "

" ဟုတ်တယ် ငဝိုင်းဖြိုး အူတို သဝန်ကြောင်ရတာလဲ မပြောနဲ့လေ "

" အော်...... သူပိုင်တယ်ဆိုတော့လည်း ဥစ္စာခြောက်နေတာလေ "

ဥသြတို့ချီးကျူးခန်းဖွင့်လိုက်တာ ငဝိုင်းဖြိုးလည်း
ရစရာကိုမရှိပေ။
အမယ်.... ဒင်းကတော့ သူ့ကိုကိုမျက်နှာလေးကြည့်ပြီး သာယာနေလိုက်တာ ။ ကိုဆုကလည်း သူ့ဖြိုးလေးမျက်နှာ တစ်ကမ္ဘာထင်နေသလားပဲ။

အင်း.........နောက်ဆုံးတော့ တေးဥသြတို့သူငယ်ချင်းတွေ အကုန်အတွဲကိုယ်စီနှင့်ပေါ့......။
အေး..... ရေးသူကတော့ ထာဝရ faကြီးပါပေါ့....။

.......................................

အချိန်တွေကုန်လာလိုက်တာ အခုဆို ဝင်းသလက်တောင် တတိယနှစ်ကျောင်းသားဖြစ်နေပြီ။
ကိုပြေကလည်း သူ့အဖေ၏စီးပွားရေးကို ဦးစီးနေပြီလေ ။ အတူတူရှိနေကြတုန်းပါပဲ ကိုပြေနှင့်
ဝင်းသလက်တို့ ။ တစ်ယောက်လက် တစ်ယောက်တွဲရင်း အခက်အခဲ ပြသနာတွေကို ရင်ဆိုင်လာခဲ့ကြသည်။ လမ်းခရီးက ဖြောင့်ဖြူးသည်ဟုတော့ ဘယ်ဟုတ်ပါ့မလဲ။ တစ်ခါတစ်လေ သဘောထားမတိုက်ဆိုင်သောအခါတွေမှာ တစ်ယောက်နှင့်တစ်ယောက် အလျော့ပေးကြရသည်။ နောက်ဆုံးမှာတော့ ပြေလည်ခဲ့ကြတာပဲပေါ့။

ကိုပြေ လုပ်ငန်းတွေ ဦးစီးကတည်းက နှစ်ဖက်မိဘတွေကို ဖွင့်ပြောခဲ့ကြသည်။ ကိုပြေက ဟိုးအစောကြီးထဲက ကြိုပြောထားသည်မို့ ဟိုတစ်ခါ
ဝင်းသလက် ကိုပြေ့အိမ်သွားတော့ ဝင်းသလက်ကို သိပြီးဖြစ်နေခြင်းတဲ့။
နှစ်ဖက်မိဘတွေ ခွင့်ပြုချက်ဖြင့် အတူတူလက်တွဲခဲ့သည်။ ဝင်းသလက်ကေ​ျာင်းပြီးမှသာ
မင်္ဂလာယူပါမည်။

အချစ်က ဒူးရင်းခြံပိုင်ရှင်လေး ( Completed) Where stories live. Discover now