အပိုင်း ၂

8.3K 912 17
                                    

- ကိုယ်တော်နဲ့ တစ်ပွဲတစ်လမ်းနွှဲကြမလား -

Unicode,

ဆောင်းရာသီအစောပိုင်းကာလမှာတောင် မနက်ခင်း၌ ချမ်းစိမ့်အောင်အေးပေ၏ ။ အရှင့်ရဲ့အမိန့်အရ နေမထွက်ခင်မှာ ရဲမက်အပေါင်းနဲ့အတူ မျိုးနွယ်စုရဲ့ယွဲ့မင်းသမီး နဲ့ စစ်သူကြီးပါ အပါခေါ်လို့ထွက်ခွာလာကြခြင်းဖြစ်တယ် ။ ခြေလျှင်ရဲမက်များက ညီညီညာညာလိုက်လျက်ရှိကြပြီး အရှင့်ရဲ့မြင်းလှည်းတော်ကရှေ့၌ဖြစ်ကာ ယွဲ့မင်းသမီးရဲ့မြင်းလှည်းမှာ အနောက်ကကပ်ပါလာခြင်းဖြစ်တယ် ။ သံမျက်နှာဖုံးနဲ့ ရှောင်းစစ်သူကြီးက သူ့စီးတော်မြင်း ရှောင်ဖန်း နဲ့အတူ မင်းသမီးရဲ့လှည်းဘေး၌ တပ်ကြပ်မခွာလိုက်ပါမြဲဖြစ်၏ ။

ဝမ်အရှင်သည် တစ်ခုခုကိုမနေနိုင်မထိုင်နိုင်ဖြစ်နေပုံပေါ်ပေသည် ။ တစ်လှည်းထဲမှာအတူရှိနေတဲ့ကျိုးဖိန်လည်းဒါကိုသိပါ၏ ။ ထိုစဥ်မှာတင် မြင်းလှည်းရဲ့ဘေးဘက်လိုက်ကာစကိုမတင်လိုက်တဲ့အရှင်က ခေါင်းပါအနည်းငယ်စောင်းထွက်ပြီး အနောက်ကိုလှမ်းကြည့်ပါလေရဲ့ ။ မသက်မသာသက်ပြင်းခပ်သဲ့သဲ့ချလို့ လိုက်ကာစလည်းပြန်ချသွားသည် ။

" ကျိုးဖိန် "

" အမိန့်ရှိပါ အရှင် "

" ရှောင်းကျန့်ကို အကြောင်းကြားလိုက် ကိုယ်တော့်မြင်းလှည်းနဲ့အတူလိုက်ဖို့ "

ရှောင်းကျန့်ဆိုတာ ရုပ်ဆိုးတဲ့သံမျက်နှာဖုံးအမြဲတပ်ဆင်ထားတဲ့ယွဲ့မင်းသမီးရဲ့စစ်သူကြီးကိုပြောတာသေချာသည် ။ အရှင်ရဲ့ မြင်းလှည်းပေါ်မှာ သူကလွဲပြီး မည်သူမျှအတူလိုက်ပါခွင့်မရှိခဲ့တာ.. အခု အရှင်က အကြောင်းစုံမသိသေးတဲ့လူတစ်ယောက်ကို တော်ဝင်လှည်းပေါ်မှာအတူလိုက်ပါဖို့မိန့်တော်မူလာလေတယ် ။

" ကျိုးဖိန် ! "

" ဟုတ်.. ဟုတ်ကဲ့ပါ "

တွေဝေစွာငြိမ်နေတဲ့သူသည်အရှင့်ရဲ့ထပ်ခေါ်သံလည်းကြားရော ​လှည်းမောင်းသူကိုခေတ္တရပ်ခိုင်းလိုက်တာကြောင့် အကုန်လုံးရပ်တန့်သွားကြပေ၏ ။ ကျိုးဖိန်ကလိုက်ကာစကိုမပြီးအပြင်ထွက်ကာ လှည်းရှေ့ပေါ်၌ပင် ဘေးက ရဲမက်တစ်ယောက်ကို မှာကြားလိုက်လေတယ် ။ တအောင့်အကြာ ရှောင်းကျန့်ပါမလာဘဲ ပြန်ရောက်လာတဲ့ ရဲမက်လေးက သူ့ကိုလည်း စကားပြန်ဆိုသေးသည် ။

Darkness Of Paradise《 Completed 》Where stories live. Discover now