အပိုင်း ၁၈

6.8K 797 25
                                    

- ကြီးမြတ်လှတဲ့အရှင့်ရဲ့နည်းလမ်းတစ်ခု -

unicode

ထိမ်းမြှားခြင်းပွဲတစ်ရက်အလို ။

အရှင့်ရဲ့နှုတ်ပိတ်လုပ်ဆောင်ထားမှုကြောင့် နန်းတော်ထဲကြင်ယာတော်ပျောက်ဆုံးသွားမှုကဘယ်သူမှမသိကြတဲ့ကိစ္စတစ်ခုလို​ဖြစ်နေတယ်။နန်းတွင်း နန်းပြင်မြို့တော်တစ်ခွင်ကတော့ မနက်ဖြန်လို နေ့ကြီးရက်ကြီးအတွက်စောင့်မျှော်ပြင်ဆင်နေကြတုန်းပဲ။ ထိုအထဲမှာ အရှင့်ရဲ့မယ်တော်သည် မျှော်လင့်တကြီးအပါအဝင်ဖြစ်သည်။

အရှင့်အိပ်ဆောင်ကနေတစ်လှမ်းမှခွာခွင့်မရှိဘဲ ကောင်းကောင်းအနားယူခဲ့ရသော ရှောင်းကျန့်သည်လည်း အားအင်ပြည့်ဝလို့နေလို့ကောင်းခဲ့ပြီဖြစ်တယ်။

ယခုလည်းထွက်မသွားနိုင်သေးဘဲ မနက်ခင်းမှာရေသန့်စင်လို့နေတဲ့ ဝမ်ရိပေါ်ကိုထိုင်စောင့်နေရတယ်။ သူ မရှိဘဲဒီနေရာကနေတစ်ဖဝါးမှမခွာမိစေနဲ့လို့ ခြိမ်းလားခြောက်လားလုပ်သွားခဲ့တာကို။

နာရီဝက်လောက်ထိထိုင်စောင့်နေခဲ့ရပြီးနောက် အတွင်းဝတ်ရုံတော်ကိုသာရေချိုးပြီးလဲဝတ်လာတဲ့ဝမ်ရိပေါ်နဲ့အတူ ဘေးကနေခပ်ကျို့ကျို့ပါလာတဲ့ကျိုးဖိန်ရယ်ပါတွေ့လိုက်ရတယ်။

" မနက်စာဝိုင်းကိုယူလာလို့ရပြီ နှစ်ယောက်စာပြင်ခဲ့ပေး "

ငြိမ်ပြီးထိုင်နေတဲ့ကုတင်ပေါ်ကသူ့ကိုတစ်ချက်လှမ်းကြည့်ရင်းမှ ကျိုးဖိန်ကခေါင်းငုံ့လို့ထွက်သွားတယ်။ ဝမ်ရိပေါ်အနားမှာနေနေတဲ့ကျိုးဖိန်ကို ရှောင်းကျန့်သနားမိသလိုရှိသား။ အကြံပေးအမတ်သာဆိုတယ် အခုလိုကိစ္စအရပ်ရပ်အကုန်လုပ်ပေးနေရတာ.. ဝမ်ရိပေါ်လိုလူလက်အောက်မှာဘာကိုများသည်းခံပြီးနေနေသလဲ။

" ဗိုက်ဆာနေပြီလား "

" မဆာတာမို့ ဒီကနေပြန်ခွင့်ပြုပါလား အခုကျွန်တော်ကအပြစ်သားတစ်ယောက်လေ "

ဒီလိုပြောတော့ ဝမ်ရိပေါ်ကရယ်ပါတယ်။

" ဒါပေါ့ အပြစ်သားဆိုတော့ အပြစ်တစ်ခုခုတော့ပြေးသင့်တယ် စိတ်ချပါ ကိုယ်တော်ကမင်းကိုဒီတိုင်းလွှတ်ပေးမှာမဟုတ်ဘူး "

Darkness Of Paradise《 Completed 》Where stories live. Discover now