အပိုင်း ၁၄

6.7K 782 11
                                    

- အရှင်မင်းမြတ်ကသူ့ကို ပေါ့ပေါ့တန်တန်ထားတယ် -

unicode

ရှန်ပြည်နယ်နဲ့တိုက်ပွဲကဘယ်လောက်မှရက်မရှည်လိုက်ဘူး။ နှစ်ဖက်လုံးအထိနာလာတာနဲ့ လူအင်အားမယှဥ်နိုင်တဲ့ ရှန်မျိုးနွယ်စုခေါင်းဆောင် က စစ်မက်ဖြစ်ဖွားခြင်းကိုရပ်တန့်စေပြီး လူချင်းတွေ့ဆွေးနွေးဖို့စာပို့လာတယ်။ ဝမ်ရိပေါ်က လက်ခံကြောင်းအကြောင်းပြန်ကြားပြီးတဲ့နောက်မှာမှ နန်းတွင်းတပ်ဖွဲ့နဲ့အတူ မြို့တော်ကိုညတွင်းချင်းပြန်ရတယ်။

တပ်ဖွဲ့တွေအကုန်ခရီးဆက်ကြပေမယ့် ရောက်ဖို့သိပ်မလိုတော့တဲ့ခရီးကို ဝမ်ရိပေါ်ကဒီညဆက်မသွားနိုင်ဘူး မြို့တွင်းမှာပဲဝင်နားမည်ဆိုတာကြောင့် ကျိုးဖိန်ကလည်းအမိန့်အတိုင်းနာခံတယ်။ မြို့တွင်းကတည်းခိုဆောင်မှာ ရှောင်းကျန့်အပါအဝင် စစ်သူကြီးတစ်ယောက်နဲ့ဆိုပေါင်းလေးယောက်။

ကျိုးဖိန်က စျေးကြီးပေးရတဲ့အကောင်းဆုံးအခန်းကိုစီစဥ်ပေးပေမယ့် ဝမ်ရိပေါ်က တည်းခိုဆောင်ရဲ့အပေါ်ထပ်တစ်ခုလုံးကိုဌားလိုက်တယ်။ ညစာသုံးဆောင်ပြီးတာနဲ့ အပေါ်ထပ်အခန်းပေါင်းများစွာထဲမှာ လွတ်နေတဲ့အခန်းတစ်ခန်းစီကိုဝင်ပြီးအနားယူကြတယ်။

မီးအိမ်ထွန်းထားတဲ့အခန်းထဲ ရှောင်းကျန့်က စားပွဲပေါ်မှာစာတစ်စောင်ကိုရေးချလိုက်တယ်။ အခုရက်အတွင်း ရှန်ပြည်နယ်နဲ့အခြေအနေအကြောင်းကို အကြီးအကဲဆီသတင်းပို့ရမှာဖြစ်တယ်။ ပြတင်းပေါက်နားသွားကာ ခိုဖြူတစ်ကောင်ရောက်လာတာနဲ့ ရှောင်းကျန့်က စာလိပ်လေးကိုချည်ပေးလိုက်တယ်။ ဒီခိုက လျှိုမင်ဆီကို သတင်းပို့ပေးလိမ့်မည်။

ပြတင်းပေါက်ကိုပြန်ပိတ်ပြီးတာနဲ့ အိပ်စက်အနားယူဖို့ရာ အပေါ်ဝတ်ရုံတစ်ထပ်ကိုချွတ်ပြီးအဝတ်တင်ရန်ထားသည့်ပေါ်ကိုလွှားတင်လိုက်တယ်။ တစ်​ယောက်အိပ်မွေ့ယာအပေါ်မှာ ရှောင်းကျန့် ဝင်လှဲတုန်းရှိသေး အခန်းတံခါးပွင့်သွားတဲ့အသံကြောင့် လူကချက်ချင်းပြန်ထရတယ်။

" ဘယ်လိုလုပ်.. အခန်းမှားလာတာလား "

" မဟုတ်ဘူး ရှောင်းကျန့်ဆီလာတာ "

Darkness Of Paradise《 Completed 》Wo Geschichten leben. Entdecke jetzt