ဇာတ်သိမ်းပိုင်း

9K 820 30
                                    

- လျှို့ဝှက်ဆုတောင်း -

Unicode

မြို့ပြင်ကပန်းခင်းဆီကို လွန်ခဲ့တဲ့နှစ်တွေတုန်းကနှစ်ယောက်အတူမြင်းတစ်ကောင်ကိုစီးပြီးလာတတ်တယ်။ ရှောင်းကျန့် က အရင်ထက်ပိုမောတတ်လာတာမို့ ဧကရာဇ်က မြင်းလှည်းစီစဥ်ပေးတယ်။

မြို့ပြင်ကအဝါရောင်ပန်းခင်းရဲ့ခပ်ဝေးဝေးကနေ တပ်သားများက သူ့နေရာနဲ့သူတာဝန်ထမ်းဆောင်ပြီးမလှုပ်မယှက်ရပ်စောင့်နေကြတယ်။ လှည်းပေါ်ကဆင်းချင်တဲ့ဧကရာဇ်အချစ်တော်ဆန္ဒအရ ပန်းခင်းအနားမှာသာ ထိုင်စရာခင်းကျင်းထားရတယ်။

" ကျွန်တော်တို့ရဲ့ ပထမဆုံးအနမ်း "

" ဟုတ်တာပေါ့.. ကိုယ်တော်က အတင်းယူမိလို့စိတ်ဆိုးဒေါသထွက်သွားခဲ့တာလေ "

" ဒေါသထွက်တာထက် ရင်ခုန်ခဲ့တာပါ "

ပွေ့ဖက်ထားတဲ့ခန္ဓာကိုယ်လေးကိုနီးနီးကပ်ကပ်ဖြစ်အောင်ဆွဲယူလိုက်ပြီးနဖူးထက် နှုတ်ခမ်းဖြင့် အကြာကြီးဖိကပ်နမ်းထားလိုက်တယ်။ ရှောင်းကျန့် ကတော့ ငြိမ်ငြိမ်သက်သက်နဲ့ဧကရာဇ်ရဲ့အနမ်းတွေကိုခံယူရင်း နေဝင်တော့မယ့်အလှကိုသာစောင့်ဆိုင်းကြည့်ရှုလို့နေတယ်။

" လောကကြီးထဲကနေအခုချိန်ထွက်ခွာသွားရမယ်ဆိုရင်တောင် အပျော်ရွှင်ဆုံးလူက ကျွန်တော်ဖြစ်လိမ့်မယ်ထင်တယ် "

" ဘာလို့ထွက်ခွာမယ့်အကြောင်းတွေပြောနေရတာလဲ ကိုယ်တော်တို့အတူရှိဖို့အချိန်တွေအများကြီးကျန်ပါသေးတယ် "

ဧကရာဇ်က ထိုသို့ပြောတော့ ခပ်ယဲ့ယဲ့ပြုံးရင်းသာပြန်မတုန့်ပြန်ဖြစ်မိတော့ဘူး။ အတူရှိခဲ့တဲ့အချိန်တွေက သူ့ဘဝတစ်လျှောက်လုံးအတွက် လုံလောက်သွားပါပြီ။

... //

ညမီးပုံးပွဲတော်က မြို့တော်ထဲမှာစည်စည်ကားကားနဲ့။ အိမ်တိုင်းအဆောင်တိုင်းလို မီးပုံးသေးတွေချိတ်ဆွဲထားပြီး စျေးလမ်းမတစ်လျှောက်မှာလည်း မီးပုံးမျိုးစုံရောင်းချနေတယ်။

ဝမ်ရိပေါ်ကသူ့ဘေးကရှောင်းကျန့်ရဲ့လက်လေးကိုသေချာကိုဆုပ်ကိုင်ထားတယ်။ များပြားလွန်းလှတဲ့လူတွေကြားထဲပျောက်သွားမှာကိုစိုးရိမ်လွန်းနေတယ်။ ရှောင်းကျန့်က ဝယ်ထားတဲ့မုန့်ကို တတိတိနဲ့ကုန်အောင်စားနေတတ်ပြီး ဘေးက ဝမ်ရိပေါ်ဆီလည်း လှမ်းခွံ့ကျွေးတတ်တယ်။

Darkness Of Paradise《 Completed 》Where stories live. Discover now