Epi - 3

1.5K 152 2
                                    

Unicode

မုန့်ဟင်းခါးတစ်ပွဲကို အတူတူစားခဲ့ပြီးနောက်မှာတော့ စိမ်းဆုနှင့် ဖြိုးလေးတို့ သံယောဇဥ်တွေ တွယ်ခဲ့ကြသည်။
အဲ့ဒါတွေတင်မကသေးပါ အခုဆို အိမ်ကြီးနှစ်အိမ်လုံးက တစ်အိမ်ထဲလိုလိုကို ဖြစ်နေပြီ။
အဲ့လိုဖြစ်အောင်လည်း စိမ်းဆု၏ ကလေးငယ်က
လုပ်ခဲ့တာကိုး ။
တကယ်ပါ..... စိမ်းဆုနှင့် ကလေးငယ် ခင်မင်ရင်းနှီးပြီး သိပ်မကြာလိုက် သူ့အဖေနှင့်အမေ၏ လက်တွေကိုဆွဲကာ စိမ်းဆုတို့အိမ်ကိုရောက်ချလာသည်လေ ။ စိမ်းဆု၏ မိခင်နှင့် ဖခင်ကို တွေ့တာနှင့် အဖေ ၊ အမေ တန်းခေါ်ပြီး အပီအပြင်ကို ချွဲတော့တာပါပဲဗျာ။ အမေကလည်း စကားနည်းပြီး အေးအေးဆေးဆေးနေတတ်သော သားအရင်းဖြစ်သည့် စိမ်းဆုကို ချစ်ပေမဲ့ ကလေးငယ်က သွက်သွက်လက်လက် စကားတတ်လေးဆိုတော့ ခဏလေးအတွင်း ချစ်သွားပါလေရော။
စိမ်းဆုနှင့် စကားသိပ်မပြောသော အဖေနှင့်တောင် လေပေးဖြောင့်နေသတဲ့။

ကလေးငယ်၏ အဖေနှင့်အမေကတော့ စိမ်းဆုကို အားနာကြည့်တွေ ကြည့်ပြီး 'သားလေးအရူးကို ထိန်းရတော့မယ် သားရေ ဒင်းက ခင်ရင် အသေကပ်တော့တာပဲ ' ပြောပြီး အားပေးပြန်သည်။ အင်း....... စိမ်းဆုလည်း ကလေးငယ်ကို တတ်နိုင်သလောက် ထိန်းသိမ်းစောင့်ရှောက်ပေးမည်။ စတွေ့တုန်းကလို ထန်းရည်လိုမျိူးမူးယစ်စေသောအရာတွေကို ထပ်မသောက်ဖို့ပြောတော့ စိမ်းဆုကို ကတိပေးထားသည်။
" ကိုကိုမကြိုက်ရင် ဘယ်တော့မှ မသောက်တော့ဘူး " တဲ့လေ။

စာမေးပွဲနီးလာဖြစ်သည့် ကလေးငယ်သည် အခုထိ လက်ယားလက်ယား အိမ်နှစ်အိမ်ကို ကူးကလန်ခက်နေတုန်း။ အန်တီနဲ့အန်ကယ်က မနိုင်ဘူးမို့ မပြောတော့ဘူးတဲ့လေ။
အဲ့တော့လည်း စိမ်းဆု ကလေးငယ် စာလုပ်ရန်ပြောကြည့်ပါအုံးမယ်လေ။

" ကိုကို..."

" ပြောလေ ဖြိုးလေး "

" အလုပ်တွေ တအားပင်ပန်းလို့လားဟင် မျက်နှာမကောင်းဘူး နေမကောင်းလို့လား "

စိမ်းဆုအခန်းထဲ အမောင်ဝိုင်းဖြိုးရောက်​ပေါသည်။ ဒါကလည်း အဆန်းမဟုတ်ပါဘူး ရိုးနေပြီ။ မျက်နှာမကောင်းကို စိမ်းဆု အဖေဖြစ်သူနှင့်စကားများထားသည်မို့။ သားအဖနှစ်ယောက်စကားများတယ်ဆိုတာ မထူးဆန်းတော့ပါဘူး။

လမ်းထိပ်မုန့်ဟင်းခါးဆိုင်မှ နိဗ္ဗာန်အထိ(Completed)Where stories live. Discover now