Epi - 5

1.3K 121 0
                                    

Unicode

ကလေးငယ်က သူငယ်ချင်းတွေနှင့် ခရီးသွားပြီမို့
စိမ်းဆုတစ်ယောက်ထဲသာ အချိန်တွေကုန်နေရသည်။ ဖြိုးလေးကို အသိမပေးရသေးသော ကိစ္စ
ရှိပါသေးသည်။
အင်း.... ကလေးငယ်ပြန်လာရင်တော့ အသိပေးရအုံးမည်။ ဖြိုးလေးသာ သိရင် စိမ်းဆုကို ဘာပြောမလဲ။

တီ...

ဖုန်းကိုကြည့်လိုက်တော့ ဖြိုးလေးဆီက ။
ဖြိုးလေးဆိုသည်​့ စိမ်းဆု၏ကလေးငယ်သည်
စိမ်းဆုကို အမြဲတမ်းရင်အေးစေသည်။
ဖြိုးလေးကြောင့်သာ မဟုတ်ရင် စိမ်းဆုအခုချိန်ထိ ဖခင်ဖြစ်သူ၏အမိန့်တွေထဲက လွတ်မြောက်မှာမဟုတ်ပေ။

" ဟယ်လို ကိုကို ဖုန်းကိုင်တာ နောက်ကျတယ် "

" အင်း ဟုတ်တယ် ကိုကို operation တစ်ခုအတွက် ပြင်နေရလို့ပါဗျာ ရောက်ပြီလား ဖြိုးလေး "

" ဟုတ် အခုပဲ ရောက်တယ် ကိုကို ကိုကို ကိုယ့်ကျန်းမာကိုယ် ဂရုစိုက်နော် ဖြိုးလေးမရှိဘူးဆိုပြီး
နေချင်သလို မနေရဘူးနော် ကြားလား "

ဖုန်းထဲကနေ မှာကြားနေသော ကလေးငယ်ကြောင့် သူမမြင်ပေမဲ့လည်း ပြုံးလိုက်မိသည်။
ဘယ်အချိန်ပဲဖြစ်ဖြစ် ဖြိုးလေးက စိမ်းဆုကို ကလေးတစ်ယောက်လိုမှာနေသည်။
အင်း..... ဖြိုးလေးသာ မရှိရင် စိမ်းဆုလည်း ကိုယ့်ကိုကိုယ် ဂရုစိုက်ဖြစ်ပါ့မလား။

" အင်းပါ စိတ်ချနော် နားလိုက်အုံး ပင်ပန်းနေမှာကို "

" ဟုတ် ကိုကို ဒါဆို ဒါပဲနော် သတိရတယ် ကိုကို"

ပြောပြီး ဖုန်းချသွားသော ဖြိုးလေးကြောင့်
စိမ်းဆုမှာသာ ရင်တွေခုန်ပြီး ကျန်ခဲ့ရတာ။
ဘယ့်နှယ့် လူက operation ဝင်ရပါမယ်ဆို
ဒင်းလေးက လူကိုနှလုံးရောဂါရအောင်လုပ်သွားသည်။ တကယ်ပါပဲ..... ထိုင်ခုံမှာထိုင်ကာ နှလုံးခုန်တာပုံမှန်ပြန်ဖြစ်အောင် လုပ်နေရသည်။

' သတိရတယ် ကိုကို ' လို့ ဝိုင်းဖြိုးပြောလိုက်တော့ သေချာပါသည် ကိုကို့မျက်နှာလေး ရဲသွားမည်ပင်။ မနက်က ကိုကိုနိုးသည်အထိ ထိုင်ကြည့်နေဖြစ်ခဲ့သည်။ အိပ်ပျော်နေသော ကိုကိုကတော့
ငြိမ်ကာ အသက်ပုံမှန်ရှုပြီးသာ အိပ်မြဲပင်။
ကိုကို့မျက်နှာလေးကို ဝိုင်းဖြိုးလက်ဖြင့်အသာထိလိုက်မိသည်။ မျက်နှာနုနုလေးထက် ဝိုင်းဖြိုးလက်တွေကို ကစားမိသည်။ သို့သော် ကာလနဂါးလေးကတော့ နိုးလာဖို့နေနေသာသာ သိတောင်မသိ။
မနက်စာကို အတူတူ အမေပြင်ပေးသော မုန့်ဟင်းခါးကိုစားခဲ့ကြပြီး ကိုကိုက ဆေးရုံသွားသည်။ ဝိုင်းဖြိုးလည်း ငဝင်းအိမ်ကိုလာခဲ့လိုက်သည်။

လမ်းထိပ်မုန့်ဟင်းခါးဆိုင်မှ နိဗ္ဗာန်အထိ(Completed)Where stories live. Discover now