Epi - 6

1.3K 125 0
                                    

Unicode

အချိန်တွေကို ကိုကိုနှင့်အတူ ဖြတ်သန်းလာလိုက်တာ အခုဆို ဝိုင်းဖြိုးလည်း ကျောင်းပြန်တတ်နေရပြီ။ ဒုတိယနှစ်ကို ဝိုင်းဖြိုးရောက်သည့်တိုင်
ကိုကိုကတော့ ကလေးလေးဖြစ်နေဆဲ။
ဒီအတောအတွင်းမှာ ဝိုင်းဖြိုးနားလည်ခဲ့တာက
ဝိုင်းဖြိုးဘဝမှာ ကိုကို့ကို လိုအပ်နေတယ်ဆိုတာပဲ။ ဘယ်လိုအချိန်မှာ နားလည်ခဲ့သလဲမေးရင်တော့ တစ်နေ့မှာ ကိုကို့ကို ဟိုအမျိူးသမီးနှင့်
ဆိုင်တစ်ဆိုင်မှာ အတူတူတွေ့ခဲ့ရသည်က စတာပဲ။ ကိုကို့အနား အဲ့အမျိူးသမီးရှိနေတာကို မကြိုက်ဖူး။ ဝိုင်းဖြိုးလည်း ခပ်တည်တည်ဖြင့်
ကိုကိုရှိရာ သွားပြီး ကိုကိုဘေးက ခုံမှာထိုင်လိုက်သည်။ ကိုကိုကတော့ မြင်မြင်ချင်း မျက်လုံးပြူးသွားပြီး ပြီးမှ ပြုံးလာသည်။

ကိုကို့မှာ ဘယ်လိုပြသနာတွေ စိတ်ညစ်စရာတွေ ရှိနေသလဲ ဝိုင်းဖြိုး သိချင်စမ်းပါဘိ။ တစ်ခါတစ်လေ မှိုင်တွေနေတတ်သော ကိုကိုကို့ ဘေးကနေ လိုက်စပြီး အပြုံးတွေပြန်ပေါ်လာအောင် ဝိုင်းဖြိုး
လုပ်ပေးသည်။ ကိုကို အလုပ်တွေများလွန်းသည့်အခါ ကိုကို့နားမှာ လိုတာတွေကူညီပေးပြီး ကိုကိုမပင်ပန်းအောင်ကူပေးမြဲ။
ကိုကို့ကို ဒုက္ခပေးနေသော အရာကို ဝိုင်းဖြိုးသိကြည့် အမှုန့်ချေပစ်မယ်။

ကျောင်းတတ်ရသည့်နေ့မို့ ဝိုင်းဖြိုးတို့အကုန်လုံး
Canteen မှာ ။ ငတေးက သူ့အိုးနှင့် သာယာနေသည်။ ငစိုးစံကတော့ တမောင်ထဲမောင်နေသတဲ့လေ။ ငဝင်းကတော့ ဒူးရင်းသီးတွေကို သူ့မပြေမဝေကြီးကို ခွံ့ကျွေးနေသည်။
သူငယ်ချင်းတွေကို ပျော်ရွှင်နေတာကို မြင်တော့
ဝိုင်းဖြိုးလည်း ပြုံးမိသည်။ စောက်ပိုတွေလုပ်နေသော သတောင်းစားတွေလို့ တွေးရင်းပေါ့။

နေ့လည်စာ စားချိန်မို့ ကိုကို့ကိုစာပို့လိုက်သည်။
အလုပ်တွေများပြီး နေ့လည်စာမေ့နေတတ်သော
ကိုကိုက ဒီနောက်ပိုင်း ကျန်းမာရေးချူချာသလို။
ကိုကို့အမေက ဝိုင်းဖြိုးကို ပြောသည် ' သားကို
စိတ်ချမ်းသာစေချင်ပြီ ' တဲ့။ အန်တီ ဘာကိုဆိုလိုတာလဲ ဝိုင်းဖြိုးမသိပေမဲ့ အန်တီ့နည်းတူ ဝိုင်းဖြိုးလည်း ကိုကို့ကို ပျော်စေချင်သည်ကတော့ အမှန်တရားပေါ့။

လမ်းထိပ်မုန့်ဟင်းခါးဆိုင်မှ နိဗ္ဗာန်အထိ(Completed)Where stories live. Discover now