Epi - 7

1.3K 123 0
                                    

Unicode

အခုဆို ဝိုင်းဖြိုးတောင် ဒုတိယနှစ်စာမေးပွဲကြီးဖြေရတော့မည်။ ဖြတ်သန်းလာခဲ့သည့်တစ်လျှောက် ကိုကိုဆိုသည့်လူလေးကို သတိမရသည့်နေ့ဆိုတာမရှိခဲ့။ ကိုကိုထွက်သွားကတည်းက ကိုကို့အခန်းလေးကို အန်တီတစ်လှည့် ဝိုင်းဖြိုးတစ်လှည့် နေ့တိုင်းသန့်ရှင်းရေးလုပ်ပေးသည်။ ကိုကို့အခန်းလေးက ကိုကိုထားခဲ့သည့်အတိုင်းပင် ဘာတစ်ခုမှနေရာမရွေ့။
နေနိုင်ရက်သော ကိုကိုကတော့ ဝိုင်းဖြိုးဆီလုံးဝ မဆက်သွယ်ခဲ့။ မနေနိုင်သော ဝိုင်းဖြိုးမှသာ
ကိုကိုသွားသည့်နေရာကို အန်တီ့ကိုမနည်းမေးထားရသည်။

ဒီနေ့က ကိုကို့အခန်းကို ဝိုင်းဖြိုးသန့်ရှင်းရေးလုပ်ရမည့်နေ့။ အန်တီကလည်း ကိစ္စရှိလို့အပြင်ထွက်သွားသည်။ အိမ်ကြီးထဲမှာ ဝိုင်းဖြိုးတစ်ယောက်ထဲသာ ။ ကိုကိုနေခဲ့တဲ့အခန်းလေးက ကိုကို့လိုပဲ
ဝိုင်းဖြိုးကို စိတ်ချမ်းသာစေသည်။ ကိုကို့အငွေ့အသက်တွေ ကျန်ခဲ့လို့ထင်ပါရဲ့။
ဝိုင်းဖြိုး တစ်ခါတစ်လေ ကိုကို့အခန်းဆီလာပြီး
စာကျက်လေ့ရှိသည်။ ကိုကိုအနားမှာရှိရင် စိတ်အေးချမ်းစွာ စာလုပ်နိုင်သည်မို့ ကိုကိုမရှိပေမဲ့
အခန်းလေးထဲမှာတော့ ကိုကိုရှိနေခဲ့ဖူးတာပဲလေ။

ကိုကို့စာကြည့်စားပွဲကို သန့်ရှင်းတော​့ အံဆွဲတစ်ခုကို အရင်ကတည်းကတွေ့သော်လည်း ဖွင့်မကြည့်ခဲ့။ ဒီနေ့တော့ ဝိုင်းဖြိုး၏လက် ထိုအံဆွဲဆီအလိုလိုရောက်သွားလေသည်။
ဆွဲဖွင့်လိုက်သည်နှင့်မြင်လိုက်ရသည်က ဒဏ္ဍာရီ​
ရေးသည့် စာအုပ်ကလေးတစ်အုပ်။ ဝိုင်းဖြိုး စာအုပ်လေးကို ယူကာ ဖွင့်ကြည့်လိုက်တော့ မြင်ဖူးနေကြဖြစ်သော ကိုကို၏လက်ရေးဝိုင်းဝိုင်းလေးတွေ။ ဆရာဝန်တစ်ယောက်ဖြစ်သော်လည်း
ကိုကို့လက်ရေးသည် လူနားမလည်အောင်ဖြစ်မနေ။ ရှင်းရှင်းလင်းလင်း သိသာနိုင်သော လက်ရေးမျိူးပါပဲ။

ရေးထားသည်က ' ခြံတံခါးပိတ်နေသော ချစ်ရသူ' တဲ့။ ဒီစာမျက်နှာမှာ ရေးထားသည်က ဝိုင်းဖြိုးကို ကိုကိုပထမဆုံးစတွေ့သည့်နေ့။ ခြံတံခါးပိတ်နေသောဝိုင်းဖြိုးကို အငေးလွန်လို့ အိမ်ကျော်သွားခဲ့သည်တဲ့။ ကိုကိုက အဲ့ကတည်းက ဝိုင်းဖြိုးကို သိနေခဲ့တာတဲ့။
နောက်တစ်ရွက်မှာ ရေးထားသည်က ' မုန့်ဟင်းခါးကြိုက်သော ချစ်ရသူ' တဲ့လေ။
ဒါဆို ဝိုင်းဖြိုး ကိုကို့စတွေ့ခဲ့သည့်နေ့က ကိုကိုသည် ဝိုင်းဖြိုးနောက်က လိုက်လာခဲ့တာပေါ့။
အိပ်မှုန်စုပ်ဖွားလေးနှင့်ကိုကိုကို့ ကလေးလေးလို့
ဝိုင်းဖြိုးက မှတ်ချက်ပြုခဲ့တာ။ စာတွေအားလုံး၏အဆုံးနားမှာရေးထားသည်က ' ပထမဆုံးမြင်ခဲ့ရသော ချစ်ရသူ၏ အပြုံးလေး'တဲ့လေ။
ဟား....... ကိုကိုရယ် ဖြိုးလေးကို အဲ့လောက်တောင် ချစ်ခဲ့တာလားဗျာ။
နောက်တစ်ရွက်ကို ထပ်လှန်လိုက်တော့
' သူငယ်ချင်းတွေနှင့်ပျော်နေသော ချစ်ရသူ' တဲ့။
စာလုံးလေးတွေက မှင်တွေပြန့်နေလေသည်။
ကိုကိုက မှင်စိုကိုအသုံးပြုကာရေးထားပြီး ဒီစာရေးချိန် ကိုကို ငိုနေခဲ့သည်လား။
ကိုကို့မှာ သူငယ်ချင်းဆိုတာ မရှိခဲ့ဖူးလေ။
ကိုကို့အဖေက သူငယ်ချင်းမထားခိုင်းခဲ့ပဲ တစ်လျှောက်လုံးဖြတ်သန်းလာခဲ့ရတာပဲ ဖြိုးလေးရဲ့ ကိုကိုက။

လမ်းထိပ်မုန့်ဟင်းခါးဆိုင်မှ နိဗ္ဗာန်အထိ(Completed)Where stories live. Discover now