-41-

2.9K 303 209
                                    

For Unicode

Lisa ဆေးစဖြတ်တဲ့နေ့ကစပြီး ဒီနေ့အချိန်ထိ Jen အနားကမခွာရဲသေး။ လွန်ခဲ့တဲ့ငါးရက်ကလိုမျိုး ဆေးခိုးသုံးမှာစိုးရိမ်ရသည်။ ဘယ်လောက်ပင်ဖြတ်တယ်ပြောပြော ဆေးဖြတ်တာကအရမ်းခံရခက်တာမို့ စဖြတ်ချင်းတုန်းက Jen တို့မသိအောင် ခြောက်ရက်လောက် Lisa ခိုးသုံးသေးသည်။ အခုတော့ Jen ကိုယ်တိုင်ကြပ်မက်ကာ အနားကမခွာတာမို့ ပြန်မသုံးပဲ ငြိမ်နေသည်မှာ ယနေ့ဆိုငါးရက်ရှိပြီ။

ကုတင်ပေါ်မှာမှေးနေတဲ့ ခလေးမကိုကြည့်ကာ Jen တဂယ်ပင်စိတ်မကောင်းဖစ်မိသည်။ဆေးဖြတ်တဲ့နေ့ကစပြီး အစားလဲကောင်းကောင်း မစားတာမို့ ယခင်ကထက်ပင် ပို၍ပိန်လာတဲ့ခလေးမခန္ဓာကိုယ်၊ ညဘက်တွေလဲယောင်ချာချာနဲ့အိပ်မပျော်တာမို့ ပို၍ ညိုလာတဲ့မျက်ကွင်းလေးတွေ၊ ချစ်စရာကောင်းစွာ လှပနေတဲ့မျက်နှာသွင်ပြင်ဟာ ခုများတော့လူမမာတစ်ဦးကဲ့သို့ပင်။

တစ်ခါတစ်ခါ ဆေးအရမ်းလိုအပ်နေချိန်မှာမသုံးရလျှင် စိတ်တိုကာ အနားမှာရှိသမျှပစ္စည်းမျိုးစုံကိုရိုက်ခွဲပစ်သေးသည်။ ထိုအချိန်မျိုးဆို ခလေးမအနားသွားကာ Jen ကိုယ်တိုင်တင်းကြပ်အောင်ဖက်ထားပေးပြီး နားနားကပ်ကာသတိအမြဲပေးရသည်။ ခလေးမအခုလိုမျိုးဖစ်ပျက်နေတာ Jen တဂယ်မကြည့်ရက်တာမို့ အစထဲက ကြိုသိခဲ့လျှင် Jen သေချာပေါက် တားမိမှာအမှန်ပင်။

' We don't talk anymore,..........'

ခလေးမကိုကြည့်ကာ တွေးနေရင်းနဲ့ ဖုန်းဝင်လာတာမို့ contact name ကိုကြည့်လိုက်တော့ အနီရောင်အသဲပုံနှစ်ခုကြားထဲမှတ်ထားတဲ့ nickname လေးက JiJi....

" ဟယ်လို JiJi "

" JenJen အဆင်ပြေရဲ့လား Lisa အခြေအနေရော "

" အခြေအနေက အစမို့သိပ်တော့မကောင်းဘူး JiJi ရဲ့ ပြီးတော့ Lisa ကလဲနဲနဲပျော့တယ် အစပိုင်းမှာပြန်ခိုးသုံးလို့ Jen ကိုယ်တိုင်သေချာစောင့်ကြပ်ပေးနေတာ "

JiJi တမင်ပြောလာမှာစိုးလို့ Jen ကြိုတင်ကာရှင်းပြလိုက်ခြင်းဖစ်သည်။

" အင်းပါ သေချာဂရုစိုက်ပေးလိုက်နော် Lisa အနားမှာ JenJen ရှိနေမှဖစ်မှာပေါ့... JenJen လဲကိုယ့်ကိုကိုယ်ဂရုစိုက်ဦး "

Starting With Bitterness (JENLISA // JENSOO) Where stories live. Discover now