For Unicode
" အခုဘယ်ကပြန်လာတာလဲ Lalisa "
ဆိုင်ကယ်ပေါ်ကနေဆင်းကာ အိမ်ရှေ့မှာနှုတ်ဆက်နေကြတဲ့အခြေအနေထိကြည့်ရင်း ခုန်ပေါက်ကာ အိမ်ထဲဝင်လာတဲ့ခလေးမကို အိမ်ပေါက်ဝကနေလက်ပိုက်ကာခပ်တည်တည်နဲ့မေးလိုက်သည်။
" JJ ကလဲအိမ်ထဲပေးဝင်ပါဦး...
နေပူထဲကနေဆိုင်ကယ်စီးလာရတာ Li မောနေလို့ "ကြည့်... Jen တဂယ်ပဲစိတ်မတိုသင့်ဘူးလား...ဒီလူကတော့ မနက်ထဲကပြန်မလာလို့စိတ်ပူလို့စောင့်နေရတာကို..
" Yaaa ..."
Jen ကိုကျော်ကာ ဘေးနားကထွက်သွားတဲ့ခလေးမကို အော်လိုက်ရင်းနဲ့ပဲတစ်ယောက်ထဲကျန်ခဲ့ရသည်။
ဆေးရုံကဆင်းထဲက ခလေးမခြေမငြိမ်တာ အခုဆိုနှစ်ရက်ရှိပြီ၊ အရင်ကဆိုအပြင်သိပ်မထွက်သလောက် အခုနောက်ပိုင်း ဟို Haruto ဆိုတဲ့ကောင်လေးနဲ့ တတွဲတွဲ...ဆေးရုံတက်ကထဲက ဟိုကောင်လေးက နေ့တိုင်းနီးပါးလာပိုးပမ်းရတာအမော...ဒါကိုပဲ ဒင်းကမသိတာလား..သူကပဲစိတ်ပါနေတာလား ...လက်ခံနေတာလား..မဟုတ်ရင် ချစ်သူများဖစ်နေကြပြီလား...
ဒါတွေတွေးရင်း ဒီလူကရင်မောနေရတာကို ခလေးမကမသိတာလား..တဂယ်ပါ ပြောတော့ Jen ကိုချစ်တယ်တဲ့.. အခုဆို ဂရုတောင်မစိုက်..အဲ့တာချစ်တာလား...
အခုလဲကြည့် မနက်ကိုးနာရီလောက်ထဲကထွက်သွားတာ အခု နှစ်နာရီခွဲနေပြီ...တစ်မနက်လုံးဘယ်သွားပြီးဘာလုပ်နေလဲ Jen မသိ..အိမ်ကလူကတော့ နေ့လည်စာမှစားရဲ့လား..ဘာတွေများဖစ်နေမလဲစိတ်ပူနေပေမဲ့ ဒင်းကတော့ ခုနကမြင်တဲ့အတိုင်း လူကိုဂရုတောင်မစိုက်...
စိတ်ရှိတိုင်းသာဆိုကိုင်ပေါက်ပစ်တယ်...ဒီအချိုးမျိုးနဲ့များ Jen ကိုချစ်တယ်တဲ့... ဝေးသေး Lalisa.. ဟွန့်..
" ကဲ.. ပြောလို့ရပြီလား "
ရေသောက်နေတဲ့ခလေးမအနားကို သွားလိုက်ကာ လက်ပိုက်ရင်းမေးလိုက်တော့...
" အဟွတ်... JJ ရယ် ရေကောင်းကောင်းသောက်ပါရစေ "
" သောက်ပြီးပြီမလား..အပိုတွေမပြောနဲ့...
ပြော ဒါဘယ်ကပြန်လာတာလဲ "
YOU ARE READING
Starting With Bitterness (JENLISA // JENSOO)
Fanfictionခင်ဗျားကို Li သိပ်မုန်းတာပဲ။ Li သိပ်မုန်းတဲ့ခင်ဗျားကို သိပ်ချစ်နေမိပြီ။ မဖစ်နိုင်ဘူးဆိုတာနဲ့ပဲ Li ကနောက်ဆုတ်ပေးရမှာတဲ့လား။ ဟင့်အင်း Li အဆုံးထိရှေ့ဆက်တိုးနေမှာ....... မင်းနဲ့တို့ကမဖစ်သင့်တဲ့ စည်းတစ်ဖက်ကလူတွေပါ ကလေးငယ်။ မင်းဇွတ်မမိုက်ချင်စမ်းပါနဲ့။ မင...