51

2.1K 332 38
                                    

Tomorrow ကျရင်၂ပုဒ်တောင်ဖတ်ရမျက်လုံးကိုက်မှာစိုးလို့ ဒီနေ့ကြိုပြီးတစ်ပိုင်းအရင်တင်ပေးလိုက်တယ်နော်..😅
နက်ဖြန် မှနောက်တစ်ပိုင်းဖတ်တော့😍

💜💙💛❤🖤💚🖤❤💛💙💜

မာနိုဘန် အပျော်ကြီးပျော်နေကြသော တပ်သားများအား စိတ်မပူစေရန် ဘာမှမဖြစ်သလိုအားတင်းပြီး

"အားလုံး စစ်သူကြီး Chaeyoung နဲ့ ဆုံမယ့်နေရာကို ထွက်ခွာကြရအောင်.....
ငါ့ကိုမစောင့်နဲ့ ငါဖြည်းဖြည်းချင်းလိုက်ခဲ့မယ်....
ပြီးတော့ ငါဒဏ်ရာရပြီးပျောက်နေတယ်လို့ မြို့တော်ကို သတင်းလွှင့်ထားပါ.....
ညီအကိုတို့ ညကျရင် အောင်ပွဲကိုစိတ်တိုင်းကျကျင်းပဖို့ သေရည်တွေပြင်ထားပြီးပြီ....”

"ဟေး.....”

သူ့စကားကြောင့် ပင်ပန်းနွမ်းနယ်နေကြသော ရဲမက်များဝမ်းသာအားရထအော်ကြလေသည်
နေပြည်တော်မှဘုရင်မင်းမြတ်နတ်ရွာစံသည်ကိုမသိသေးသဖြင့်သာ ထိုကဲ့သို့ ပျော်နေကြခြင်းပင်.....

အားလုံးအသီးသီးထွက်သွားတော့မှ မာနိုဘန် သစ်တုံးငုတ်တိုလေးတခုပေါ်တွင်အသာထိုင်ချလိုက်သည်
သူ့ဝမ်းဗိုက်မှ သွေးများတစိမ့်စိမ့်ထွက်နေသဖြင့် ဒဏ်ရာ အား လက်ဖြင့် အသာဖိထားရင်း နေထွက်လာမည့် အာရုဏ်တက်သည့်ရှုခင်းကို စောင့်စားလိုက်သည်

သို့သော်နေထွကမလာချိန်ပင်မရောက်သေး သူလဲကျသွားလေတော့သည်...

🥀🌼🌸🌻🌺💐🌺🌻🌹🌷🌾🌸🌻🌺

မာနိုဘန် မျက်လုံးကိုအားယူပြီးဖွင့်လိုက်တော့ မရင်းနှီးသည့် ဂူအမိုးတစ်ခုကိုတွေ့လိုက်ရသည်
ထို့​ကြောင့်ခါးတွင်အမြဲချိတ်ထားသည့်ဓားကိုသတိတရစမ်းလိုက်တော့ ဓားကရှိမနေသဖြင့် ဝမ်းဗိုက်မှဒဏ်ရာကိုမေ့ပြီး အလောတကြီး ထထိုင်လိုက်တော့နာကျင်သွားသဖြင့် မျက်လုံးမှိတ်ပြီးအသက်အောင့်ထားလိုက်မိသည်
ထို့နောက် ပတ်ဝန်းကျင်ကိုအသာအကဲခတ်ကြည့်ပြီးမှ မိမိ၏ ဝမ်းဗိုက်ဒဏ်ရာ ဆေးစည်းထားသည်ကိုတွေ့လိုက်သဖြင့် သူ့အား Chaeyoung က  ဆေးထည့်ထားပေးသည်ဟုထင်လိုက်ပြီး Chaeyoung ကိုရှာ​ေနစဥ်

The Goddess of LoveWhere stories live. Discover now