70

2.8K 402 48
                                    


Chaeyoung မှာ Jisoo အားရေအောက်နန်းတော်သို့ပြန်ပို့ပေးရမည်ဆိုသော်လည်း ကောင်းကင်မင်းကြီးခိုင်းထားသည့်ကိစ္စကရှိနေသေးသဖြင့် ကောင်းကင်နိုင်ငံရှိ သူ၏အဆောင်သို့သာခေါ်ခဲ့ရလေသည်

သူ့ရင်ခွင်ထဲမူးကာအိပ်ပျော်နေသည့် Jisoo အားကုတင်ထက်သို့အသာအယာချပေးလိုက်စဥ်
"ဝေါ့.....”

"ဟာ....”
Jisooကထိုးအန်လိုက်သဖြင့်သူမ၏ အဝတ်အစားများသာမက Chaeyoung ၏အဝတ်များပါပေကျံသွားလေသည်

"ဟာ......ပင်လယ်နတ်ဘုရားမကတကယ့်အရှုပ်ထုတ်ဘဲ....”
Chaeyoung စိတ်ပျက်လက်ပျက်ညီးညူကာ အန်ဖတ်များဖြင့်နံစော်နေသည့် Jisoo အဝတ်အစားများကိုလဲပေးရန်ပြင်လိုက်ပြီးမှ မဝံ့မရဲဖြစ်ကာ မျက်လုံးကိုပိတ်ပြီး အကျီ်ကိုချွတ်ပေးလိုက်သည်

အကျီ်ချွတ်ပေးတာကတော့အဆင်ပြေသွားပြီဖြစ်သော်လည်း ပြန်ဝတ်ပေးရာ၌ မျက်လုံးပိတ်ထားလျှက်သူမဝတ်ပေးတတ် ထို့ကြောင့် သူမနိုးလာမှဝတ်ပါစေတော့ဟုတွေးပြီး စောင်ကိုရင်ဘက်အပေါ်ထိအုပ်ကာခြုံထားပေးလိုက်သည်

သူမကိစ္စပြီးသွားမှ သူ့ကိုယ်ပေါ်က အပေအရေများကိုကြည့်ပြီး သူပင်အန်ချင်စိတ်ဖြစ်လာသဖြင့် အဝတ်အစားများကိုအမြန်ချွတ်ကာ ရေချိုးဆောင်သို့ဝင်ပြီး ရေချိုးလိုက်ရလေသည်

Chaeyoung ရေချိုးပြီး အဝတ်အစားများကိုသပ်သပ်ရပ်ရပ်ဖြစ်အောင်ပြန်ဝတ်ရင်း အပြင်သို့ထွက်ခဲ့တော့

"အား.....ကျွတ်ကျွတ်.. ခေါင်းမူးလိုက်တာ....
အပြင်မှာဘယ်သူရှိလဲရေတစ်ခွက်မြန်မြန်လာပို့...လည်ပင်းနာလိုက်တာ....အဟွတ်....”
အိပ်ရာထက်မှ မျက်လုံးကိုမဖွင့်ဘဲ နားထင်
ကိုလက်တစ်ဖက်ဖြင့်ဖိကာ ဇွတ်အော်နေသည့် သူမကိုမြင်တော့ Chaeyoung ခေါင်းခါယမ်းလိုက်မိသည်
သူမကိုယ်သူမရေအောက်နန်းတော်မှာများမှတ်နေပုံရ၏.....

"အာ....ရေလို့.....”
သူမထပ်အော်နေသဖြင့် Chaeyoung လဲ စားပွဲပေါ်ရှိရေကရားထဲမှ ရေတစ်ခွက်ကိုခပ်ကာ

"မျက်လုံးပိတ်ပြီးအော်မနေနဲ့.....ရော့ဒီမှာ....”
သူ့အသံကြားမှပင် Jisoo မှာလန့်ဖျန့်ကာ မျက်လုံးကိုဖွင့်ကြည့် ပြီးထထိုင်လိုက်တော့

The Goddess of LoveWhere stories live. Discover now