54

2.1K 322 33
                                    

ယွီအော်ထွက်သွားတော့မှသူမွန်းကြပ်မှုကိုပြေပျောက်ရန် အပြင်သို့ထွက်ခဲ့သည်

ကုန်းကုန်းကအလိုက်တသိ မီးအိမ်လေးကိုင်ကာ ပန်းခြံရှိရာသို့လမ်းပြပေးလေသည်.....
ယနေ့လပြည့်နေ့ဖြစ်သဖြင့်လမင်းကြီးကထိန်ထိန်သာလျှက်ရှိလေသည်
လေပြေအေးများတိုက်ခတ်သဖြင့် ပန်းရနံ့သင်းသင်းလေးကပျံ့လွင့်လာသည်
ပန်းခြံရှေ့ရှိ မဟာရေကန်ဘက်သို့မျက်နှာမူကာရပ်လိုက်ပြီး မငြိမ်မသက်ဖြစ်နေသည့်စိတ်အစဥ်ကို ငြိမ်သက်စေရန်အလို့ငှာရေကန်ထဲသို့ခုန်ဆင်းလိုက်လေသည်

"ဝုန်း...”

ရုတ်တရက် ရေထဲခုန်ဆင်းသွားသဖြင့် ကုန်းကုန်းမှာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေလေသည်
ရေကန်ထဲငုံ့ကြည့်သော်လည်း ဘုရင်မင်းမြတ်အရိပ်အယောင်တစိုးတစိမျှမမြင်သဖြင့်

"မင်းကြီး....မင်းကြီး....” ဟုတကြော်ကြော်အော်ပြီး

"စစ်သူကြီး Park ကိုအမြန်သွားခေါ်ကြစမ်း..” ဟု နန်းတွင်းအစေခံကလေးများအားလှမ်းအော်လိုက်သည်

"မလိုဘူး...မခေါ်နဲ့တော့... ” ဟူသော အသံနှင့်အတူ ရေထဲမှ ပြန်တက်လာသော မင်းကြီးကိုကြည့်ကာ

"မင်းကြီး..... ဘာလို့ ရေထဲခုန်ဆင်းရတာလဲ... မြန်မြန် မင်းကြီးအတွက် အပေါ်ဝတ်ရုံယူခဲ့ကြစမ်း.....” ပြာယိပြာယာ ဖြစ်နေသည့် ကုန်းကုန်းအားကြည့်ရင်း

"ရပါတယ်.... ကိုယ်တော် ဒီအတိုင်းနေချင်တယ်... ကုန်းကုန်း... မစိုးရိမ်ပါနဲ့...ကိုယ်တော့်စိတ်တွေရှုပ်နေလို့ပါ.....”

တအောင့်အကြာ
"မင်းကြီး..... ပြန်သင့်ပါပြီ....ရေစိုနေတော့ ကျန်းမာရေးထိခိုက်နေပါမယ်...”
ကုန်းကုန်း၏ စကားကိုနားထောင်သည့်အနေဖြင့် သူနန်းဆောင်သို့ပြန်ရန်ပြင်ပြီးမှ ငယ်စဥ်ကတည်းကနေထိုင်ခဲ့သည့်အဆောင်ကိုသတိရကာ

"အနောက်ဆောင်ဘက်သွားကြရအောင်....”
ကုန်းကုန်းမှာ အနောက်ဆောင်သွားရာလမ်းသို့ ပြောင်းကာ မီးအုပ်ဆောင်းကိုပြလျှက်ရှေ့မှ တလှမ်းချင်း ထွက်သွားလေသည်

တနေရာအရောက်တွင်
"ကုန်းကုန်း ဒီရေတွင်းပျက်ကြီးကို ကိုယ်တော်သတိထားမိတာကြာပြီ..... ဘယ်ကတည်းကပိတ်ထားတာလဲ....”

The Goddess of LoveWhere stories live. Discover now