Chapter 1.3

1.1K 253 14
                                    

Unicode

သူဝိညာဥ်ကူးပြောင်းသည့် နှစ်ခါလုံးက စာအုပ်ထဲသို့သာ ဖြစ်သည်။ အရင်တစ်ခါတုန်းက သူသည် အလွန်မွှေးပျံ့လှသော ဖယ်ရိုမွန်းတွေ ရှိသည့် Superstar Omega တစ်ယောက် ဖြစ်ခဲ့သည်။ ထို့နောက် သူသည် နေ့တိုင်း ဆင်ဆင်ခြင်ခြင်နှင့် ၊ သတိအပြည့်နှင့် နေ့တိုင်းနေထိုင်ခဲ့ရသည်။

သို့သော် အခုတော့ သူသည် omega တစ်ယောက် မဟုတ်တော့ပေ။ သူသည် alpha တစ်ယောက် ဖြစ်လာခဲ့လေပြီ။

သူ၏ ဇာတ်ကောင်မှာ ဆိုရွားစွာ နာမည်ပျက်များ စွန်းထင်းနေသော်လည်း သူသည် အားနည်းသော နေရာမှ မဟုတ်တော့ဘဲ သူသွားချင်သည့် နေရာတိုင်းကိုလဲ အစောင့်များနှင့် သွားစရာ မလိုတော့ပေ။

အနာဂတ်တွင် သူတားဆေးများ သုံးရန် မလိုတော့ပေ။ သူ၏ gland ကို ကာကွယ်ရန်အတွက် စိတ်ပူစရာလဲ မလိုတော့ဘဲ သူစိတ်ရှုပ်ထွေးနေချိန်တွင် တစ်ယောက်ယောက် လှဲချတာ ခံရပြီး alpha တစ်ယောက်က သူ့ကံကြမ္မာကို လာထိန်းချုပ်မည်ကိုလည်း စိတ်ပူစရာ မလိုတော့ပေ။

ထို့ထက်ပိုတာက သူက ေဖျာ်ဖြေရေးစက်ဝိုင်းအတွင်းမှာသာ ရှိနေသေးကာ သူရင်းနှီးသော အရာဖြစ်သည်။ သူ၏ တောက်ပသော အနာဂတ်ကို ချိုးကျင်းတွေးလိုက်ပြီး မတ်တပ်ထရပ်လိုက်ကာ ကျိရှန်ရှောင်းအနောက်သို့ လိုက်ပြီး အဝတ်လဲခန်းထဲသို့ ဝင်လိုက်သည်။

သူ ကျိရှန်ရှောင်းကို သွားရှာကာ ပြဿနာ ရှာချင်သေးသည်ဟု လက်ထောက်လျို့ဝေက ထင်သွားသည်။ သူကြောက်လွန်းလို့ အာရုံကြောတွေပါ ထွက်လာတော့မည်အတိုင်း ဖြစ်ကာ:

"အစ်ကိုချိုး! အစ်ကို ထပ်လုပ်ချင်သေးတာလား...?"

ချိုးကျင်းက သဘက်ကို လှမ်းပစ်ပေးကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"အဝတ်အစားလဲပြီးရင် ပြန်ကြမယ်"

လျို့ဝေက သဘတ်နှင့် အအုပ်ခံရပြီး ​ကြက်သေသေနေသည်။ အစ်ကိုချိုးက နည်းနည်းလေး ကဲွဲပြားနေတယ်လို့ သူဘယ်လိုလုပ် ခံစားမိလိုက်ရတာလဲ?

အဝတ်လဲခန်းက အလွန်ကြီးမားသည်။ ဗီရိုအတန်းများနဲ့ စီထားသော လိုင်းများစွာ ရှိသည်။

ဒီ Alpha ရဲ့ ဖယ်ရာမွန်းတွေက ပေါက်ကွဲထွက်နေတယ်!Where stories live. Discover now