Chapter 2.2

1.2K 212 7
                                    

Unicode

သူအိမ်ပြန်ရောက်ရောက်ချင်း သူ့အေးဂျင့်က ဖုန်းဆက်ခဲ့သည်။

အေးဂျင့်က သူ ကျိရှန်ရှောင်းနှင့် ဆင်အရွယ်အစားပြိုင်ရန် ထွက်သွားသည်ကို မသိပေ။ သူက ချိုးကျင်း ရှန်းရှီကို ပြင်းထန်သည့် kabedon လုပ်ပြီး အပြောခံရ ၊ အရိုက်ခံရကာ တစ်ယောက်က ထိုဟာကို ဗီဒီယိုအတိုလေးနှင့် အွန်လိုင်းပေါ်တင်ခဲ့သည်ကိုပဲ သိခဲ့သည်။

အေးဂျင့်က သူ ကျိရှန်ရှောင်းနှင့် ဆင်အရွယ်အစားပြိုင်ရန် ထွက်သွားသည်ကို မသိပေ။ သူက ချိုးကျင်း ရှန်းရှီကို ပြင်းထန်သည့် kabedon လုပ်ပြီး အပြောခံရ ၊ အရိုက်ခံရကာ တစ်ယောက်က ထိုဟာကို ဗီဒီယိုအတိုလေးနှင့် အွန်လိုင်းပေါ်တင်ခဲ့သည်ကိုပဲ သိခဲ့သည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

(A/N: မသိတဲ့သူတွေအတွက် Kabedon လုပ်တာပါ🥰 anime တစ်ခုက မလာတာ)

ချိုးကျင်း ဝိညာဥ်မကူးပြောင်းလာခင်က ကျိရှန်ရှောင်း၏ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ကုမ္ပဏီလက်အောက်မှ ရုပ်ရှင်ဧကရာဇ်က ဟော်တယ်တစ်ခုတွင် မွေးနေ့စား,ပွဲတစ်ခု ပြုလုပ်ခဲ့သည်။ သူက ဖျော်ဖြေရေး အသိုင်းအဝိုင်းထဲရှိ နာမည်ကြီးသော လူအားလုံးကို ဖိတ်ခဲ့သည်။

စာအုပ်ထဲတွင် ထိုပွဲက အဓိကဇာတ်ကောင် နှစ်ဦး၏ တစ်ဦးစီက ဖြစ်ပေါ်လာသည့် ချစ်ခြင်းမေတ္တာများကို ကြော်ငြာပေးသည့် စင်မြင့်ဖြစ်သည်။ ပုံမှန်အတိုင်းဆိုလျှင် ကျိရှန်ရှောင်းနှင့် ရှန်းရှီက ထိုပွဲ၌ သူတို့၏ မျက်နှာများကို ပြသမည်ဖြစ်သည်။

ဘယ်လိုကြောင့်လည်း မသိသော်လည်း ချိုးကျင်းလည်း ထိုနေရာကို ရောက်နေခဲ့သည်။ သူက ရှန်းရှီအနောက်ကို အကြာကြီးလိုက်ခဲ့ပြီး နောက်ဆုံးတော့ ရှန်းရှီရှေ့တွင် ပိတ်ကာရန် အခွင့်အရေးရခဲ့သည်။ သန့်စင်ခန်းတံခါးရှေ့တွင် နောက်တစ်ကြိမ် သူ၏ အချစ်ကို ရူးသွပ်စွာ ကြေညာတော့သည်။

ရှန်းရှီက အရမ်းစိတ်အနှောင့်အယှက် ဖြစ်ခဲ့သည်။ သည်းမခံနိုင်သော ဤအခြေအနေအောက်တွင် သူက ချိုးကျင်း၏ မျိုးဆက်၁၈ဆက် ဘိုးဘေးများကို စော်ကားသည့် မှတ်ချက်များ ပေးခဲ့သည်။ သူကြိုက်သည့်သူက ကျိရှန်ရှောင်းဖြစ်ပြီး ချိုးကျင်း ဤအမျိုးသားကတော့ လက်လျှော့သင့်နေပြီဟု ဘွင်းဘွင်းပင် ပြောခဲ့သေးသည်။

ဒီ Alpha ရဲ့ ဖယ်ရာမွန်းတွေက ပေါက်ကွဲထွက်နေတယ်!Where stories live. Discover now