Chapter 2.3

1.3K 196 11
                                    

Unicode

(T/N:အစက alpha omega ကို review မှာ eng နဲ့ ရေးလိုက်လို့ နောက်ပိုင်းတွေလဲ အဲ့လိုလုပ်ခဲ့ပေမဲ့ နာမည်ကအစ မြန်မာလိုဖြစ်သွားတော့ သူတို့ကိုလဲ မြန်မာလိုပဲ ရေးတော့မယ်နော်😅)

သူ၏ လူထုပုံရိပ် ပြိုလဲသွားသည်ကို ဒေါသထွက်ခြင်းမှာ တစ်ချက်ဖြစ်သော်လည်း သူ ပို၍ မခံမရပ်နိုင်သည့်အချက်မှာ သူနှင့် ချိုးကျင်းကို အတူတကွ ပေါင်းစည်းပေးနေသော လူများ ဖြစ်သည်။

သူသည် သန့်စင်ပြီး မိမိကိုယ်ကိုလေးစားသော အိုမီဂါဖြစ်သော်လည်း အကြောင်းပြချက်အားလုံး ၊ လူအားလုံးနှင့် ဆန့်ကျင်ပြီး သူ့နာမည်က လူ့အဖွဲ့အစည်း၏ အဆိပ်အတောက်ဖြစ်သော ချိုးကျင်းနဲ့မှ ပေါင်းစည်းရသည်။

တစ်စုံတစ်ယောက်က ရှန်းရှီအကြောင်းကို ပြောလာတိုင်း အခြားတစ်ယောက်က "အိုး  သူက ချိုးကျင်း အရူးအမူး ဖိအားပေးနေတဲ့ အိုမီဂါ ဟုတ်တယ် မဟုတ်လား"  ထို့နောက်စကားဝိုင်း၏ ခေါင်းစဉ်သည် ချိုးကျင်းဆီသို့ ပြောင်းသွားလိမ့်မည်။ သူက အရှက်မရှိတာသေချာသော်လည်း သူသည် အလွန် အသိအမှတ်ပြုခံရတယ်။  လူတိုင်းက သူ့ရဲ့ ပရောပရီ လုပ်ဆောင်ချက်တွေကို မှတ်မိကြသည်။

လက်ထောက်က နှစ်သိမ့်လိုက်သည်။

"စိတ်မပူပါနဲ့ “ လေးရာသီစားဖွယ် ” ကို စတင်ရိုက်ကူးချိန်အထိပဲ အစ်ကိုစောင့်လိုက် ။ အဲ့ကျရင် အစ်ကို သူ့ကို နှစ်လလောက် တွေ့တော့မှာ မဟုတ်ဘူး"

ရှန်းရှီသည် အရုပ်တိရိစ္ဆာန်တစ်ကောင်ကို ဖက်ထားရင်း ဆူလိုက်သည်။

"အဲ့လိုမျိုး ဖြစ်ရင်တော့ ပိုကောင်းတာပေါ့"

"အဲ့အပြင် ဒီတစ်ခေါက် ဥက္ကဋ္ဌကျိလည်း သွားမယ်ဆိုတာ ကျွန်တော် ကြားခဲ့တယ်။  အချိန်တန်ရင် ကျိရှန်ရှောင်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ပြီး သူ့ကို အမိဖမ်းလိုက်။ အဲ့ခါကျရင် ချိုးကျင်းက အစ်ကို့ကို အရှက်ခွဲရင် အစ်ကို ကြောက်နေရဦးမှာလား?"

"ဘယ်သူက ကျိရှန်ရှောင်းကို ဖမ်းချင်တာလဲ? ငါက အဲ့လိုရေခဲ​ချောင်း*မျိုးကို အမုန်းဆုံးဘဲ!"

ဒီ Alpha ရဲ့ ဖယ်ရာမွန်းတွေက ပေါက်ကွဲထွက်နေတယ်!Where stories live. Discover now