67

557 68 0
                                    

Uni
====
အပိုင်း (၆၇)      လီတစ်သောင်းခြေရာခံခြင်းနည်းစနစ်

      ထိရန်ရှုရီမြို့ ပြည်သူ့ဆေးရုံ

    ရှပင်ဆေးရုံရောက်လာတဲ့အခါမှာ အရေးပေါ်အခန်းဝရှေ့မှာ ကောင်ကင်ကြီးပြိုကျသလို တစ်ကိုယ်လုံးတုန်လှုပ်ကာမျက်နှာဖြူဖတ်ဖြူရော်နဲ့ ထိုင်နေတဲ့ သူ့အဖေကိုတွေ့လိုက်ရတယ်

     "အဖေရေ အမေအခြေနေဘယ်လိုလဲ "ရှပင်က ချက်ချင်းမေးလိုက်တယ်

    ရှချွမ်းလူက သူ့သားရောက်လာတာကိုကြည့်ပြီး အလွန်စိုးရိမ်တဲ့လေသံနဲ့ "ချက်ချင်းအရေးပေါ်ကယ်ဆယ်နိုင်လိုက်လို့ မင်းအမေ အသက်အန္တရယ်တော့မရှိတော့ဘူး အခုခေတ်သိပ္ပံနည်းပညာဘယ်လောက်တိုးတက်တယ်ဆိုတာ မင်းလည်းသိပါတယ်ကွာ ချက်ချင်းပွဲခြင်းပြီး သေတာကလွဲပြီး ကျန်တာအကုန်လုံးကို ကုသလို့ရတယ်"

    "အခုထိခိုက်မှုမှာ မင်းအမေခြေထောင်နှစ်ချောင်းလုံး အရိုးစတွေဖြစ်အောင်ကျိုးကြေပြီးတော့ ဒုက္ခတဖြစ်သွားရပြီ ပြန်ကောင်းအောင်ကုချင်ရင် အနည်းဆုံးဒေါ်လာခုနှစ်သိန်းလောက် ကုန်မှာ"

    ရှပင်က သူ့အဖေဘာလို့ အခုလိုမျက်နှာထားဖြစ်နေလည်း ဆိုတာသဘောပေါက်သွားတယ် သူတို့မိသားစုက သုံးယောက်ဆိုပေမယ့် အသုံးစရိတ်က သိပ်မများပါဘူး အဲ့တာကြောင့် တဒင်္ဂအတွင်းမှာ ဒေါ်လာခုနှစ်သိန်းလောက် ရဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပါ

    အိမ်ဝယ်ထားတဲ့ အကြွေးတွေတောင် မကျေသေးဘဲ ဘယ်လိုလုပ် သူတို့မှာပိုက်ဆံခုနှစ်သိန်းလောက်ရှိမှာလဲ ပြီးတော့ တရားခံကတိုက်ပြီးထွက်ပြေးသွားတဲ့အတွက် လျှော်ကြေးတောင်းလို့လည်းမရပါဘူး

    "ဘာမှမတတ်နိုင်ဘူးလေ" ရှချွမ်းလူက အံကြိတ်ကာ "အိမ်ရောင်းပြီးရတဲ့ပိုက်ဆံနဲ့ကုမှ ဖြစ်တော့မယ် ကံကောင်းစွာနဲ့ဘဲ ထိရန်ရှုရီအိမ်ခြံမြေစျေးကွက်က တော်တော်လေးတိုးတက်လာပြီး ငါတို့အိမ်ရောင်းရင် ဆယ့်သုံးသိန်းလောက်တော့ရနိုင်တယ် အကြွေးဆပ်လိုက်ရင်တောင် တစ်သန်းလောက်ကျန်အုံးမှာပါ ပြီးရင်တော့ခက်ခက်ခဲခဲနဲ့ဘဲ အိမ်လေးငှားပြီးနေရတော့မှာပေါ့"

God Level Demon(1-200)Where stories live. Discover now