167

466 57 0
                                    

Uni
========
အပိုင်း (၁၆၇)      ပျော်ပါးခြင်း

     "သိုင်းတာအိုကျင့်ကြံခြင်းကျင်ကြံခြင်းမှာ လုံ့လဝိရိယလိုအပ်တာကလည်း လိုအပ်တာပေါ့ ဒါပေမယ့်အချက်ကျကျလုပ်ကိုင်တတ်ဖို့လည်းလိုတယ်" အရပ်မြင့်မြင့်နဲ့ကျောင်းသူတစ်ယောက်က ရှပင်ကိုကြည့်ကာ "လူတိုင်းကတော့နေ့တိုင်း နာရီအတော်များများတော့ကျင့်ကြံကြတာဘဲ ဒါပေမယ့်လည်း တစ်ချို့လူတွေကတော့တိုးတက်မှုအရမ်းမြန်ပြီး တစ်ချို့တွေကတော့နှေးကျတယ် တစ်ယောက်နဲ့တစ်ယောက်မတူကြဘူးလေ"
     သူမရဲ့မျက်လုံးနှစ်လုံးက သိခြင်စိတ်တွေနဲ့ပြည့်နှက်နေကြတယ်

     "လျို့ဝှက်ချက်ကတော့သေချာပေါက်ရှိတာပေါ့" ရှပင်ကပြောပြီး "ဒါကလူတစ်ယောက်ချင်းစီရဲ့ လျှို့ဝှက်ချက်လေ ဘယ်သူကလွယ်လွယ်ပြောမလဲ" သူကဒါလျှို့ဝှက်ချက်ဖြစ်ပြီး သာမန်လူတွေကိုမပြောနိုင်ဘူးလို့ပြောလိုက်တယ်
     
     ရုတ်တရက် ကျောင်းသူလေးတွေက မျက်လုံးတွေတောက်ပသွားတယ် တိုက်ခိုက်ရေးပြိုင်ပွဲရဲ့ချန်ပီယံတစ်ယောက်ဖြစ်ပြီး သိုင်းပညာသင်အဆင့်နဲ့ သိုင်းပညာရှင်တစ်ယောက်ကိုအနိုင်ယူနိုင်တဲ့သူမှာ လျှို့ဝှက်ချက်မရှိဘူးလို့ပြောရင်သူတို့ယုံမှာမဟုတ်ပါဘူး
 
      တကယ်လို့ ရှပင်ဆီကနေတစ်ခုနှစ်ခုလောက်သင်ယူနိုင်ရင် သူတို့တွေအတွက်အကျိုးမြတ်အများကြီးရှိမှာပါ

     ယနေ့ခေတ်လိုသိုင်းတာအိုသာယာဝပြောတဲ့ခေတ်မှာ အရာအားလုံးကအမှားတွေဖြစ်နိုင်ပေမယ့် သိုင်းတာအိုကကျင့်ကြံခြင်းကသာ အမှန်တကယ်ပါ သိုင်းပညာရှင်အဆင့်ကိုရောက်သွားတာနဲ့ သူတို့ရဲ့ရာထူး တိုးတက်လာပြီးတော့တခြားသူမျက်နှာတွေကြည့်နေစရာမလိုတော့ပါဘူး

    "ဒါဘာလျို့ဝှက်ချက်ဖြစ်ရမှာလဲ နင့်လိုပါရမီရှင်တစ်ယောက်အတွက်တော့ ဒီလျို့ဝှက်ချက်က ဘာမှာမဟုတ်တာလဲ ဖြစ်နိုင်တယ်လေ" ခန္ဓကိုယ်လှလှနဲ့ ကျောင်းသူလေးတစ်ယောက်က ရှပင်လက်မောင်းကိုဖမ်းစုပ်ပြီး အလိုလိုက်ခံချင်တဲ့ခလေးလေးလိုပြုမူပြီးပြောလိုက်ပါတယ်
  
    "အမှန်ဘဲ လျို့ဝှက်ချက်ရှိရင် ငါတို့ကိုပြောပြလေ နင့်အတွက်ဆုံးရှုံးမှုရှိသွားမှာမှမဟုတ်တာ"ကျောင်းသူအနည်းငယ်က ရှေ့တို့ပြီး ရှပင်နောက်လက်မောင်းကိုဖမ်းဆုပ်လိုက်ပါတယ်

God Level Demon(1-200)Where stories live. Discover now