89

521 71 0
                                    

Uni
======
အပိုင်း (၈၉)    မြှားခုနှစ်ချောင်းခေါင်းခြွေလက်သည်းကျင့်စင်

   တောတွင်းတစ်နေရာက ဂူတစ်ခုမှာ

    "ဘန်း ဘန်း ဘန်း"
    လေထဲမှာ လေဆာကျည်တွေက မြေကြီးတွေကျောက်ခဲတွေနဲ့ထိပြီး ဂလိုင်ပေါက်ဖြစ်ကာ ကြေမွနေပါတယ်

   တစ်ခနအတွင်းမှာ ဒီနေရာကကြေမွပျက်စီးပြီးတော့ အဝါရောင်အခိုးငွေ့တွေတထောင်းထောင်းထနေပါတယ်

    "သေစမ်း ဒီဝရမ်းပြေးအုပ်ရဲ့ ပစ်အားအတော်လေး ကြမ်းတာဘဲ"
    ဂျန်းရရူကဂူထဲမှာပုန်းနေရင်း မျက်နှာတွေမဲနက်နေပါတယ် ဒါပေမယ့်လည်း သူမတို့ ဂူထဲကထွက်လို့မရပါဘူး ထွက်လိုက်တာနဲ့ လေဆာသေနတ်တွေ အမြှာက်ကျည်ဆန်တွေမိပြီး အရိုးတောင်ကျန်မှာမဟုတ်ပါဘူး

    ဂူထဲမှာပုန်းနေတဲ့သူတွေကတော့သူမရယ် ရှပင်ရယ် ကျိုးချင်အာရယ် လျူလန်နဲ့ တခြားကျန်းဒူကိုယ်ပိုင်ကျောင်းက ကျောင်းသူတွေဘဲဖြစ်ပါတယ်

    အစကတော့သူတို့တွေက ဝရမ်းပြေးတွေကို သတ်ဖို့လာတာပါ ဒါပေမယ့် ဒီဝရမ်းပြေးတွေက လျင်မြန်စွာလှုပ်ရှားပြီးတော့ သူတို့ရဲ့တည်နေရာကိုရှာတွေ့သွားကြကာ ကီလိုမီတာအနည်းငယ်အကွာကနေ သေနတ်နဲ့လှမ်းပစ်ပါတော့တယ်

     အဲတာကြောင့်မို့ လောလောဆယ်အသက်ရှင်ဖို့ သူတို့တွေဂူထဲဝင်အောင်းလိုက်ကြပါတယ်

    "ဒီဝရမ်းပြေးတွေမှာ လေဆာသေနတ်တွေ လက်ပစ်ဗုံးတွေတွေအပြင် ဒုံးပျံလွှတ်တဲ့လက်နက်ကြီးတွေတောင်ပါတယ် " ကျိုးချင်အာက လေးနက်စွာပြောလိုက်ပြီး ကြောက်စရာအကောင်းဆုံးကတော့ ရန်သူ့ဘက်မှာပစ်မှတ်ကိုမှန်အောင်ပစ်နိုင်တဲ့ စနိုက်ပါပါတာဘဲ"

     ကျန်တဲ့သူတွေကလည်း ခေါင်းငြိမ့်လိုက်ကြတယ် စနိုက်ပါသမားက သူတို့အတွက်ခြိမ်းခြောက်မှုပိုကြီးမားပြီးတော့ လေးကီလိုငါးကီလိုမီတာအကွာကနေ လှမ်းပစ်လို့ရတယ် ပြီးတော့ ပိုပြီးလည်းမှန်ကန်တိကျပါတယ်

    ရှပင်ရဲ့ အန္တရာယ်ကိုအာရုံခံနိုင်စွမ်းမြင့်ပြီး ကျည်ဆန်လာတဲ့နေရာကို ကြိုမသိပြီးမရှောင်နိုင်ဘူးဆိုရင် အချိန်တိုအတွင်းမှာ သူတို့နှစ်ယောက်သုံးယောက်လောက် အသက်ပေးလိုက်ရမှာပါ

God Level Demon(1-200)Where stories live. Discover now