- 0.6 -

5.2K 741 79
                                    

‌ချာလီ့အသက် ၄၀ အရွယ်။ နာမည်ကြီးဘရန်းဒက်ဆိုင်တွေကတော့ သူမကွယ်ရာမှာ သူမကို ဝမ်ကတော်လို့ ခေါ်ကြတယ်။

မာတင်က နောက်မိန်းမထပ်ယူတယ်။ တရုတ်-အမေရိကန်မိသားစုက အမျိုးသမီးငယ်လေးတယောက်ဖြစ်ပြီး ဝမ်ရိပေါ် အသက် ၃ နှစ်အရွယ်မှာဖြစ်တယ်။ မိသားစုချင်း စီးပွားရေးအရ ပေါင်းစည်းလိုက်တဲ့သဘောပါပဲ။

နောက်ပိုင်းမှာ မာတင်က နောက်မိန်းမ၊ ပြီးတော့ နောက်မိန်းမ ထပ်ယူတယ်။ ဟောင်ကောင်ဟာ ၁၉၉၇ မတိုင်ခင်အထိ အိမ်ထောင်အဆက်ဆက်ယူတာကို ခွင့်ပြုထားတယ်။ ချာလီက ဝမ်ရိပေါ်ကို စောစောမွေးထားတာမို့ ဒုတိယဇနီးရာထူးကို ရထားတယ်လို့ပဲ ပြောရမှာပေါ့။

ချာလီအသက် ၄၀ အရွယ်မှာ မာတင်က သား ၆ ယောက် ရှိနေပြီဖြစ်တယ်။ ၂ ယောက်က မယားကြီးက မွေးတဲ့သားတွေဖြစ်ပြီး၊ ၂ ယောက်က သူ လက်ရှိယူထားတဲ့ဇနီးက မွေးတာဖြစ်တယ်။ ကျန်တဲ့ ၂ ယောက်ကတော့ နောက်မိန်းမနှစ်ယောက်က တယောက်စီ မွေးထားတာဖြစ်တယ်။ ဝမ်ရိပေါ်က တတိယသားဖြစ်တယ်။ မယားကြီးက မွေးတဲ့သားမဟုတ်သလို မယားအငယ်ဆုံးက မွေးတဲ့သားလည်း မဟုတ်ဘူး။ မိသားစုထဲမှာ သားတွေချည်း မွေးထားတဲ့အခါ ဘယ်သားကိုမှ အရေးတယူလုပ်ခံရတာမျိုးမရှိဘူး။

ချာလီက ဝမ်ရိပေါ်အတွက် အကောင်းဆုံး မူကြိုကျောင်းကို ပို့ပေးတယ်။ အလယ်တန်းကိုလည်း ဟောင်ကောင်ရဲ့ အကောင်းဆုံးကျောင်းမှာ ထားပေးပြီး အထက်တန်းကိုတော့ အင်္ဂလန်က နာမည်ကြီးကျောင်းမှာ ပညာသင်စေတယ်။ အဲ့ဒီ့နောက် ဝမ်မိသားစုရဲ့ ထောက်ပံ့မှုနဲ့အတူ လူသိများတဲ့တက္ကသိုလ်မှာ ထားတယ်။

ဒါပေမဲ့ ဒီသားဟာ ချာလီ့ကို ဝမ်မိသားစုရဲ့ အိမ်တွင်းရေးအပြိုင်အဆိုင်တွေကြားမှာ ဘယ်တုန်းကမှ မျက်နှာရအောင် လုပ်မပေးခဲ့ဘူး။

ဝမ်ရိပေါ်က ဒီနှစ်မှာ အသက် ၂၄ နှစ်ပြည့်တယ်။ အင်္ဂလန်က တက္ကသိုလ်မှာ ပညာသင်လာပြီး ဟောင်ကောင်ကို ပြန်လာတာ ၂ နှစ်ရှိပြီဖြစ်တယ်။

ဒီဝမ်သခင်လေးဟာ မိသားစုရဲ့ ဆေးဖက်ဆိုင်ရာ အလုပ်တွေမှာ ဝင်လုပ်ဖို့ ငြင်းဆန်ခဲ့တယ်။ အနောက်တိုင်း ဝတ်စုံ သပ်သပ်ရပ်ရပ်ဝတ်ပြီး အလုပ်သင်ဆင်းလို့ တပတ်ပဲ ကြာတယ်။ ထွက်ပြေးသွားတော့တယ်။

Mess Up ||Completed||Where stories live. Discover now