- 6 - Nothing has been accomplished.

3.6K 529 55
                                    

ဟောင်ကောင်ကျွန်းဆွယ်ပေါ်မှာ မိုးက ပိုပို သည်းလာပြီး ရှောင်းကျန့်ရဲ့ အမြင်တွေကို ဝေဝါးသွားစေတယ်။ အနက်ရောင်တိမ်စိုင်တွေဟာ ဟောင်ကောင်ဆိပ်ကမ်းပေါ် အုပ်မိုးထားပြီး နေမင်းနဲ့ လုံးဝခြားနားထားတယ်။ ဟောင်ကောင်ဟာ ပိတ်လှောင်ထားတဲ့ကျွန်းငယ်လေးတခု ဖြစ်သွားတယ်။

Vice က Angel ကို အကြာကြီး စောင့်ခိုင်းထားတယ်။

အဝတ်မရှိတဲ့ ရှောင်းကျန့်ရဲ့ခန္ဓာကိုယ်က စတင်ပြီး အေးစက်လာတယ်။ ဝမ်ရိပေါ်တယောက် Training အတွက် သားရေကြာပွတ်ဖြစ်ဖြစ်၊ ဒါမှမဟုတ် တခြားပစ္စည်းတခုခု ရှာနေတာများလားလို့ သူ တွေးနေမိတယ်။

အောက်ဘက်က လမ်းပေါ်မှာ ကားမီးအလင်းရောင်တွေ မြင်နေရပြီး အလင်းတန်းတွေ ဆုံသွားကြတယ်။ ရှောင်းကျန့်အမြင်မှာ ဖြတ်သွားဖြတ်လာလူတွေ မတွေ့ရဘူး။ မိုးရွာထဲမှာ တစုံတယောက် ရပ်နေသလားဆိုတာမမြင်ရသလို ကားမီးရောင်တွေနောက်မှာ လူရှိသလားဆိုတာလည်း မမြင်ရဘူး။

M ဟာ S ကို ဘယ်တော့မှ လောလို့မရဘူး။ ရှောင်းကျန့်က ဒါမျိုးတွေမှာ အရမ်းနားလည်တယ်။ သူ့မှာ နောက်ထပ် Training တွေ မလုပ်ဖြစ်သလို Sadomasochism ရဲ့ စည်းမျဉ်းတွေကိုလည်း သင်ကြားထားတာမျိုး မရှိဘူး။ ဒါပေမဲ့ စောင့်ဆိုင်းခြင်းဆိုတာ Sadomasochistic ဆိုင်ရာ သာယာမှုရဖို့အတွက် အရေးကြီးတဲ့အရာမှန်း သူနားလည်တယ်။

စောင့်ဆိုင်းခြင်းဟာ ရှောင်းကျန့်မျှော်လင့်ထားတဲ့သာယာမှုတွေကို သယ်ဆောင်လာပေးနိုင်တယ်။ သူ့ခန္ဓာကိုယ်အောက်ပိုင်းဟာ တဖြည်းဖြည်း ပူလောင်ပြီး ခြောက်သွေ့လာတယ်။ ဝမ်ရိပေါ်ဟာ သူ့နောက်ကွယ်မှာ ပြင်ဆင်မှုလုပ်နေတယ်ဆိုတဲ့အတွေး တွေးမိတာနဲ့ သူ့တကိုယ်လုံး ကြက်သီးထလာတယ်။

Sadomasochism ကမ္ဘာမှာ Safe words နဲ့ Safe gestures ဆိုတာရှိတယ်။ ဒါကို ရှောင်းကျန့်လည်း သိတယ်။

နှိပ်စက်ခံရမယ့်သူဟာ နှိပ်စက်သူနဲ့ သဘောတူညီမှု တခုယူထားရတယ်။ သူ့ရဲ့ ခံနိုင်ရည်အား နောက်ဆုံးရောက်ပြီဆိုတာနဲ့ safe words, ဒါမှမဟုတ် safe gestures နဲ့ အချက်ပြလိုက်တာနဲ့ training ကို ရပ်ရတယ်။

Mess Up ||Completed||Where stories live. Discover now