- 16 - Nothing has been accomplished.

3K 465 63
                                    

ရှောင်းကျန့် ကော်ဇောပေါ်မှာ ထိုင်လျက် ကျန်ခဲ့တယ်။ ဝမ်ရိပေါ်က ထွက်ခွာသွားပြီဖြစ်တယ်။ နောက်ဆုံးအနေနဲ့ အကြံပေးမှုကို သူ့ဆီမှာ ချန်ထားရစ်ခဲ့တယ်။

"ရှောင်းကျန့် အဝေးဆုံးကို ပြေး" တဲ့...။

ဆိုဖာပေါ်မှာ အရည်တွေကို လုံးဝ မမြင်ရတော့ပဲ အကွက်လေးပဲ ကျန်ရစ်ခဲ့တယ်။ စိုစွတ်နေတဲ့ သဲလွန်စတွေဟာ ခဏလောက် ကြာတဲ့အခါမှာ အခန်းရဲ့ အနွေးဓါတ်ကြောင့် ခြောက်သွေ့သွားပြီး ရှောင်းကျန့်ရဲ့ Semen တွေဟာ မာတောင့်တောင့်အရာအဖြစ်သို့ ပြောင်းလဲသွားတယ်။

အခန်းထဲက ဝရုန်းသုန်းကားဆန်မှုတွေ၊ ခန္ဓာကိုယ်ထဲက ဝရုန်းသုန်းကားဆန်မှုတွေဟာ မကြာခင်မှာပဲ တည်ငြိမ်သွားတယ်။ ဒါပေမဲ့ ရှောင်းကျန့်ရင်ထဲက လစ်ဟာသွားတဲ့အရာအတွက် ဘာတွေ လုပ်သင့်ပါသလဲ။

ရှောင်းကျန့်ကို ရှက်ရွံ့စေတဲ့ လျှို့ဝှက်ချက်ကို နှလုံးသားထဲမှာ ၁၀ နှစ်ကျော် သိမ်းဝှက်ထားခဲ့တယ်။ အနှစ် ၂၀ နီးပါးလောက်တောင်ရှိမယ်ထင်တယ်။ လျှို့ဝှက်ချက်မှာ အမှောင်ထုတွေ ကြီးစိုးပြီး ထောင့်နေရာတိုင်းမှာ ချွန်ထွက်တဲ့စူးတွေ ဝန်းရံထားတယ်။ အမှောင်ထုတွေဟာ ရှောင်းကျန့်ရဲ့နှလုံးသားထဲမှာ ပုန်းကွယ်နေရင်း အမြစ်တွယ်ပေါက်ဖွားလာပြီး တဖြည်းဖြည်းနဲ့ အနက်ရှိုင်းဆုံးကို ကြီးထွားရစ်တွယ်လာခဲ့တယ်။ နက်ရှိုင်းရလေ၊ ထိတ်လန့်ရလေပါပဲ။

ဝမ်ရိပေါ်ရဲ့အချစ်ကို ရှောင်းကျန့် တောင်းဆိုတဲ့အခါတိုင်း ဒီအမှောင်ထုတွေ ထွက်ပေါ်လာမှာကို ကြောက်ရွံ့ခဲ့ရတယ်။ အဲ့ဒါကြောင့်လည်း သူ ထူထဲတဲ့တံခါးတွေပေါ်မှာ ကြီးလေးတဲ့ တံခါးသော့တွေနဲ့ တလွှာပြီးတလွှာ၊ တလွှာပြီးတလွှာ ပေါင်းခတ်ထားလိုက်တာများ သူ့နှလုံးသားကိုတောင် မလှုပ်ရှားနိုင်တော့တဲ့အထိ။ ဒီရှက်စရာကိစ္စကို တံခါးနောက်ကွယ်မှာ သိမ်းဝှက်ထားပြီး ဝမ်ရိပေါ်ရဲ့အချစ်ကို ဒီလျှို့ဝှက်ချက်တွေနဲ့အတူ ရယူဖို့ ကြိုးစားခဲ့တယ်။

ရှောင်းကျန့် ကော်ဇောပေါ်မှာ ထိုင်ရင်း ရယ်လိုက်မိတယ်။ တကယ်တော့ သူက အရမ်းမိုက်မဲခဲ့တာပဲ။ သူ့ကိုယ်သူ ထက်မြက်တယ်လို့ ထင်နေခဲ့တာ။

Mess Up ||Completed||Tahanan ng mga kuwento. Tumuklas ngayon