- 10 - Nothing has been accomplished.

2.9K 486 71
                                    

ရှောင်းကျန့်ဟာ နေ့တိုင်း မနက် ၂ နာရီထိုးထိနေတယ်။ ဝမ်ရိပေါ်ကတော့ အမြဲတမ်း အဲ့ထက်စောပြန်တတ်တယ်။

တခါတလေ သူတို့ Leather ရဲ့ တံခါးပေါက်နားမှာ နှုတ်ဆက်စကားပြောဖြစ်ကြတယ်။ တခါတလေကျရင်တော့ ညနက်ကျော်တဲ့ထိဖွင့်တဲ့ လက်ဖက်ရည်ဆိုင်ဖြစ်ဖြစ်၊ ဟော့ပေါ့ဆိုင်ဖြစ်ဖြစ် ရှာပြီး အတူတူထိုင်ကြတယ်။

အစားအသောက်စားပြီး စကားပြောပြီးပြီဆိုရင် ရှောင်းကျန့်ဟာ Leather နဲ့ ပတ်သက်တာတွေ၊ Training နဲ့ ပတ်သက်တာတွေအကြောင်း မေးခွန်းတချို့ မေးတတ်တယ်။

တခါတလေကျရင်တော့ ရှောင်းကျန့်က သူ့ကုမ္ပဏီရဲ့ လက်ရှိအခြေအနေတွေအကြောင်း ပြောပြတတ်တယ်။ ဟောင်ကောင်ရဲ့ ငွေကြေးဈေးကွက်ဟာ လွန်ခဲ့တဲ့ ၂ နှစ်ကလောက် မကောင်းတော့ဘူး။ ရှောင်းကျန့်ကပြောတယ်။ San Francisco က သူ့အတန်းဖော်သူငယ်ချင်းတွေက ငွေပိုရှာနိုင်တယ်တဲ့။

ဝမ်ရိပေါ်ဟာ နီရဲနေတဲ့ပုဇွန်ကို ဆယ်ပေးပြီး ရှောင်းကျန့်ပန်းကန်ထဲ ထည့်ပေးရင်း ခပ်တည်တည်အပေါင်းအသင်းလေသံနဲ့ ပြန်ပြောတယ်။

"ဒီလောက်ရှာတာတောင် မလုံလောက်နိုင်သေးဘူးလား? ငါပြောဖို့လည်း ထားပါဦး ရှောင်းသခင်လေးရဲ့"

"အဲ့ဒါဆို မင်း ငါနဲ့လိုက်ခဲ့လေ မင်းနဲ့ငါနဲ့ San Francisco ကို ခိုးပြေးကြမယ် ဟိုမှာ ငွေပိုရှာကြမယ်"

"ချမ်းသာပေးပါ ရှောင်းသခင်လေး"

ရှောင်းကျန့်ဟာ ဝမ်ရိပေါ်အပေါ် ထားတဲ့ သူ့အချစ်ကို ဖော်ပြဖို့ ဘယ်လိုအခွင့်အရေးကိုမှ လက်လွတ်မခံဘူး။ သူ ဝမ်ရိပေါ်နဲ့ sex လုပ်ဖို့ကိစ္စကို စောင့်နေတုန်းဖြစ်တယ်။

အဲ့ဒီ့တော့ သူ့မှာ ပုဇွန်ကို အခွံခွာနေရင်း ဝမ်ရိပေါ်ကို ပြောလိုက်တယ်။

"အကာအကွယ်ကို ဘယ်လို ဘရန်းမျိုးကြိုက်လဲ ငါ ၂ ဘူး ပိုဝယ်ထားတယ်"

"....."

"Lube ရော ဘယ်ဟာကြိုက်လဲ? ဂျပန်ဖြစ်ကတော့ ကောင်းတယ် ဒါမှမဟုတ် မင်းက အင်္ဂလန်ဖြစ်လိုချင်ရင်..."

"ရှောင်းကျန့်!"

"အင်းပါ မပြောတော့ဘူး စား စား! ကောင်းကောင်းစားပြီး ကောင်းကောင်းကြီးပြင်း ပြီးရင် အစ်ကိုကို ပြန်အော်"

Mess Up ||Completed||Where stories live. Discover now