❄︎ Chapter 1❄︎

7.4K 220 22
                                    

Unicode Version

{ဇာတ်ကောင်မိတ်ဆက်နှင့် အသိပေးချက်}

'ပန်းတွေဟာကြွေလွင့်ကြတယ် ၊
ငယ်ရွယ်မှုဆိုသည်မှာ လူတို့စီမံ၍ရသည်မဟုတ်
နှင်းပန်းပမာဖွေးဖြူလှသော ဆံနွယ်ရှည်တွေရဲ့
နောက်ကြောင်းရာဇဝင်တွေကတော့ မရဏပန်းတို့ရဲ့
ဂုဏ်သတင်းကဲ့သို့ ကြည်နူးစရာမဟုတ်ခဲ့ပါပေ '

~ 大家好!! ဒါလေးကတော့ အကုအသစ်ရေးမဲ့ JunZhe Fictionsလေးပေါ့။ plotအသစ်လေးစဉ်းစားမိပြီး ရေးဖို့ တွန့်ဆုတ်နေခဲ့တာ အခုတော့အကောင်အထည်ဖော်လိုက်ပါပြီ။  Warning scenesတွေလည်းတော်တော်များများပါနေတော့ Clear Shippersတွေသာဆိုရင် ဒီကနေပဲပြန်လှည့်သွားစေချင်ပါတယ်။ နောက်မှ အိုင်းမေ့ အိုင်းမက်လာပြောရင်တော့ ဇွပ်ဇက်တွေ လုပ်ပစ်လိုက်မယ်။

Updateကတော့ တစ်ပါတ်ကို Chapterတစ်ခုပဲ upပေးနိုင်ပါသေးတယ်။စိတ်ကောင်းဝင်ရင်တော့ စိတ်ကောင်းဝင်သလိုလာမှာပေါ့ကွာ။

Wellcome to Red spider lily's Lord❤️

______________

ခမ်းနားထည်ဝါလှသောအနီရောင်မင်္ဂလာဝေါယာဉ်ကြီးသည်ကား
ငရဲတမျှခြောက်ခြားဖွယ်ကောင်းလှသော မရဏလမ်းမကြီးအတိုင်း
သယ်ဆောင်လာခြင်းခံရလေသည်။

ထိုဝေါယာဉ်အားလူရှစ်ယောက်မှ မျှယူသယ်ဆောင်လာပြီး အရှေ့ဘက်တွင်တော့ ဝါကျင့်ကျင့်မီးအိမ်ငယ်လေးတွေကို ကိုင်ဆောင်ထားသော မိန်းမငယ် လေးယောက်လည်း ရှိလေသည်။ထိုမိန်းမငယ်လေးများမှာ အနီရောင်ဝတ်ရုံရှည်များကို ဝတ်ဆင်ထားလျက်ခေါင်းတွင်လည်း အနီရောင်ပင့်ကူနှင်းပန်းလေးများအားပန်ဆင်ထားသေး၏။ သူမတို့၏မျက်နှာနှင့်ခန္ဓာကိုယ်တွင်မူ အပြစ်ဆိုစရာမရှိလောက်အောင် လှပလွန်းလှပါသော်လည်း မျက်နှာအမူအရာသည်ကား အတော်ပင်ပျက်ယွင်းနေကြသည်။ တချို့ကမူ မီးအိမ်ကိုင်ထားသော လက်များမှာ တုန်ယင်နေကြပြီး နှုတ်ခမ်းနှစ်လွှာကမူ ကြောက်ရွံ့မှုကြောင့် တင်းတင်း‌စေ့မထားနိုင်ရှာပဲ တစ်စုံတစ်ခုအားရွတ်ဆိုနေသလို လှုပ်ရှားနေပေသည်။

အနှီမိန်းကလေးငယ်လေးများမှာ တခြားထူးဆန်းသောအရာများမဟုတ်ပါ‌ ပေ၊သူတို့မှာ လူစင်စစ် အားနွဲ့တဲ့မိန်းမငယ်လေးများသာဖြစ်ပါသည်။

Red Spider Lily's Lord Where stories live. Discover now