❄️Chapter-15❄️

587 62 8
                                    

Unicode

လွန်စွာနွမ်းလျပင်ပန်းနေသော တစ်စုံတစ်ဦး၏မျက်ဝန်းများကြောင့် ကျင့်ချင်အန်းရင်ထဲ နာကျင်မှုသည်စူးခနဲ။ ထိုလူအဘယ်အတွက်ကြောင့် ဤနေရာတွင်ဆက်ရပ်တည်နေပါသနည်း။ ဦးရီး‌တော်အရှင်သည် အမြဲလိုလိုဒီ့လူအတွက် ထွက်ပေါက်ပေးထားတတ်သည်ကို ကျင့်ချင်အန်းနားလည်သည်။
ယခုအချိန်တွင် မရဏတိုင်းပြည်အတွင်းရေးသည်မှာပိုမိုရှုပ်ထွေးလာလေပြီ။ အရှင်သခင်ကုန်းကျွင်းမှာ သူ၏ချစ်လှစွာသော ကြင်ယာတော်ကို မထိခိုက်စေချင်သောရည်ရွယ်ချက်တွေဖြင့် အဝေးတွန်းထုတ်နေလေ၏။ထိုအရာကို သိရက်နှင့်ပင် ကြင်ယာတော်မှာ အရှင့်အနားမှ ထွက်ခွာမသွားခဲ့။

အိပ်မောကျလျက်ညှိုးလျနေသော မျက်နှာလေးကို လက်ဖဝါးများဖြင့် ခပ်ဖွဖွအုပ်ကိုင်ကာ ချင်အန်းမေးလာသည်။

"ဧကန်.. ဟန်ရှုံး ဦးရီးတော်ကို မေတ္တာသက်ဝင်နေမိလို့လား "

မျက်နှာထက်အလွန်နွေးထွေးလှသော လက်ဖဝါး၏အနွေးဓာတ်ကြောင့် ကျန်းကျယ်ဟန့်နိုးလာ၏။

"ချင်အန်း ..."

"ကျွန်တော်ရှိတယ် "

"ရေ ..."

ချင်အန်း ခပ်သွက်သွက်ထကာ ရေတစ်ခွက်ငှဲ့ပြီး ကျန်းကျယ်ဟန့်အား ကမ်းပေးလာသည်။ ကျန်းကျယ်ဟန့် ဘာစကားမှမဆိုဘဲ တကျိုက်တည်းသာ မော့ချကာ

"လွေ့စူး သူမထွက်သွားပြီလား "

" ကျွန်တော်သူမကို လိုက်ပို့ပေးခဲ့တယ် .."

"ဒီတစ်ကြိမ် မင်းငါ့ကို အများကြီးကူညီပေးခဲ့တာပဲ ကျေးဇူးတင်ပါတယ် ချင်အန်း "

ချင်အန်း ကုတင်ဘေးနေရာတွင် ဒူးထောက်ထိုင်ချကာ ကျန်းကျယ်ဟန့်မျက်ဝန်းများကို ကြည့်ရင်း မေးလေပြန်၏။

"ဟန်ရှုံး .. အဲ့မိန်းကလေးကိုကျ ထွက်သွားနိုင်အောင် ကူညီခဲ့ပြီး ဟန်ရှုံးကျ ဘာလို့ထွက်မသွားခဲ့တာလဲ "

"ချင်အန်း .. လွေ့စူးက ငါ့ညီမလေး ..ဘယ်လိုမှသွေးမစပ်သည်ပဲထားအုံး ငါသူ့အတွက်တသက်လုံးစတေးခံလာတာ အလဟသတ်မဖြစ်ချင်ဘူး "

Red Spider Lily's Lord Where stories live. Discover now